MTYMay 4, 20121min931
သမ္မတ ဦးသိန်းစိန် အစိုးရက စီးပွားရေးမြို့တော် ရန်ကုန်ကို ၂၄ နာရီမီးပေးနိုင်ရေး ကြိုးပမ်းနေကြသော်လည်း မန္တလေးမြို့နှင့် တခြားသောမြို့ကြီးများတွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာနေသည်။ ၂၀၁၂ ဧပြီလ ၂၂ ရက်က ဂျပန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန် တိုကျို လျှပ်စစ်ပါဝါကုမ္ပဏီ (TEPCO) ၏ ကာဝါဆကီရှိ လျှပ်စစ်ဓာတ်အားစက်ရုံတခုကို သွားရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ – Reuters) အလှည့်ကျမီးပေးစနစ်ကို ကျင့်သုံးနေသည့် မန္တလေးမြို့တွင် သင်္ကြန်ကာလမတိုင်မီက ၂၄ နာရီခန့် ပုံမှန်မီးရရှိခဲ့သော်လည်း  လွန်ခဲ့သည့် တပတ်ခန့်မှစတင်ကာ မီးပျက်သည့်အချိန် ပိုမိုများပြားလာကြောင်း မန္တလေးမြို့ခံ စာနယ်ဇင်းသမားတဦးက ပြောသည်။ “အချိန်ပိုင်းနဲ့လာလည်း ပျက်ချင်ပျက်နေတာ။ ရာသီဥတုပူတော့ လူတိုင်းက ပန်ကာတို့ အဲယားကွန်း၊ ရေခဲသေတ္တာတို့ သုံးချင်တယ်။ ကျန်းမာရေး […]