Ma MaJuly 18, 20111min26321
ကြာဖူးနားဝနဲ့ တွေးကြည့်တာနဲ့တင် polygamy စနစ်ကို မကြိုက်နှစ်သက်ပါဘူး။ ကိုယ်ပိုင်ခံစားချက်မို့ သဘောကွဲလွဲတဲ့သူတွေလည်း ရှိမှာပါ။ ဖြစ်လာတဲ့လူတွေကိုတော့ (သဂျီးဝါဒနဲ့ မကို်က်ညီပေမယ့်) ကံလို့ပဲပြောရမလား၊ ဝဋ်ကြွေးလို့ပဲ ဆိုရလေမလား မသိတော့ပါဘူး။ (၃-၄ယောက်ယူပြီး အဆင်ပြေနေကြသူမပါ။) မိရင်းဖရင်း မောင်နှမအရင်းတွေကြားမှာလည်း ပြဿနာတွေ ဖြစ်တတ်ပေမယ့် ကြီးတဲ့အမှုကို ငယ်စေ၊ ငယ်တဲ့အမှုကို ပပျောက်စေဆိုသလို ဖြေရှင်းလို့ရပါတယ်။ သွေးဟာ ရေထက် စေးပျစ်တယ် ဆိုသလိုပါပဲ။ ဒါပေမယ့် အဲဒီကြားထဲမှာ မိကွဲ ဖကွဲ တွေဖြစ်နေရင်တော့ သေးတဲ့အမှုဟာ ကြီးလာရပါတော့တယ်။ အိမ်ထောင်နှစ်ခုရှိတဲ့ မိသားစုမှာ မိဘနဲ့ သားသမီး၊ မောင်နှမအချင်းချင်း ကိစ္စတွေဟာ ပိုမိုရှုပ်ထွေးတတ်ပါတယ်။ မိခင်ဆိုတာ သားသမီးကို ချစ်ရိုးထုံးစံပါပဲ။ ဒါပေမယ့် အမေဆိုတာ ငယ်တဲ့သားသမီးကို ပိုဂရုစိုက်တတ်ကြပါတယ်။ အဲဒီမှာ ညီအစ်မအရင်းဆိုရင် ပြဿနာ မရှိပေမယ့် […]