ဆူးFebruary 21, 20111min1769
ဆူး ငယ်ငယ်က နေတဲ့ အိမ်မှာ ရှေးဟောင်းအိမ် ပုံစံမျိုး ဖြစ်တဲ့ အတွက် တိုင်လုံးတွေ ဒုထည်တွေ တော်တော် ကြီးမားတယ်။ အိမ်ကဟောင်း နေပြီ ဆိုတော့ အိမ်တိုင် ထုတ်တန်း မှာ စာကလေးတွေ အသိုက်လုပ်ပြီး လာနေကျတယ်။ အသိုက်လုပ်နေတာ ဘာမှ မဖြစ်ပေမဲ့ အိမ်ခေါင်တိုင် ထုတ်တန်းကနေ စာကလေးဥတွေ ပြုတ်ကျတာမျိုး စာကလေးတွေ ပြုတ်ကျတာမျိုး ဖြစ်တော့ စိတ်ပျက်လာမိတယ်။ ဒီလိုနဲ့ စာကလေး အသိုက်ကို လှေကားနဲ့ တက်တက်ကြည့်တယ် စာကလေး အားလုံး ပျံနိုင်တဲ့ အချိန် ရောက်ပြီး စာကလေးတွေ အိမ်မှာ မရှိတဲ့ အချိန် စာကလေးတွေ နေတဲ့ အိမ်အပေါက်ကလေးထဲကို စက္ကူတွေ လုံးလုံးပြီး ဖြည့်လိုက်တယ်။ ဒီလိုနဲ့ စာလေးအိမ် ပိတ်သွားတယ် […]