alinsettDecember 8, 20111min22427
( ၁ ) လွန်ခဲ့သော 2011 / နိုဝင်ဘာလ သည်ကျွန်တော့်ထံသို ့ နှင်းစက်များနှင့်အတူ ထူးဆန်းသော စာအုပ်တစ်အုပ်ကိုပါ သယ်ဆောင်လာခဲ့သည်။ ထူးဆန်းသော (နိုဝင်ဘာလ ထုတ်) စာအုပ်သစ်တစ်အုပ်ကြောင့် ကျွန်တော် ဖြတ်သန်းခဲ့ရသော.2011/.နိုဝင်ဘာ သည် အမှတ်တရ နိုဝင်ဘာ..ဖြစ်သွားပါသည်။ ထိုစာအုပ်ကို တွေ့ရသော နေ ့က ကျွန်တော်….စာအုပ် အရောင်းဆိုင်ကြီးတစ်ဆိုင်ထဲမှာ.. အချိန်အတော်ကြာကြာ…ငြိမ်သက်/ ငေးမော…ပြီး..အံ့ဩတကြီး…တိတ်ဆိတ်သွားခဲ့သည်။ စာအုပ်သည်… မြန်မာ ဘာသာပြန် စာအုပ်တစ်အုပ်ဖြစ်ပြီး..ကျွန်တော်..ကြိုက်သော..14 × 21 စင်တီမီတာဆိုဒ် ဖြစ်နေသည်။ စာမျက်နှာ 340 ကျော်ကျော် မို ့ ကျေနပ်ရသလို….စာရွက်သားက လည်း..ဖြူဆွတ်လှပ နေပါသည်။ ရောင်းဈေးမှာ 2500 ကျပ်ဖြစ်ပါသည်။ အမေရိကန်စာရေးဆရာမ CHRISTINA SCHWARZ ၏ DROWNING RUTH […]