သုရွင္February 14, 20142min2005
မြူထဲက မြူတစ်မှုန်ပါ။ အုတ်တစ်ချပ်ပါ၊သဲတစ်ပွင့်ပါ ဟိုးတုန်းကလို… ကိုယ့်ကိုကိုယ်… တစ်ယောက်ယောက် ပါ ဆိုပြီး မာန်မထောင်တော့ပါဘူး။ ဘာမှ မဟုတ်မှန်း တဖြည်းဖြည်း သိသိ လာပြီးတဲ့နောက်မှာ။ စင်ပေါ်က လူတွေကို အားကျဖူးတယ်။ အတ္ထုပ္ပတ္တိ တွေလည်း ဖတ်ဖူး၊မှတ်ဖူးတယ်။ ရှိရင်းစွဲထက်နည်းနည်းပိုပြီး ကိုယ့်ကိုကိုယ် အထင်ကြီးဖူးတယ်။ ” ငါလုပ်ရင် ဘာမဆို ဖြစ်တယ် “ ဆိုတဲ့ အဆို အမြဲတမ်းအမှန်တရားမဟုတ်ဘူးဆိုတာ။ လက်ခံတတ်လာပါပြီ။  ” ငါလုပ်တိုင်းမဖြစ်ရင် ” လည်း အားမငယ် ဝမ်းမနည်းတော့ပါဘူး။ ဖြေတတ်လာတယ်။ နှစ်သိမ့်တတ်လာတယ်။ စက္ကူလေယာဉ်ပျံလေးတွေ လုပ်ပြီး လွှတ်ဖူးပါတယ်။ စက္ကူလှေလေးတွေ လုပ်ပြီး လွှတ်ဖူးပါတယ်။ စိတ်ကူးဆိုတာ စက္ကူ ရုပ်လေးတွေလို တည်ဆောက်ဖို့ မလွယ်သလို လွှတ် ပစ်လိုက်ဖို့လည်း မလွယ်လွန်းလှပါဘူးဗျာ။ မျှော်လင့်ချက်တွေ […]


လာမယ့် ၁၃၇၄ခုနှစ်၊ ကဆုန်လပြည့် (၅-၅-၂၀၁၂)၊ စနေနေ့ဟာ ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးကြီးတဲ့ မမေ့အပ်တဲ့နေ့လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီနှစ် ကဆုန်လပြည့်နေ့မှာဆိုရင် ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးချိန်မှ စတင်ပြီး ရေတွက်လာခဲ့တဲ့ သာသနာတော် ၂၅၅၅နှစ် ပြည့်တဲ့နေ့လည်း ဖြစ်သလို ဂေါတမမြတ်စွာဘုရား ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးချိန်မှ စတင်ရေတွက်လာခဲ့တဲ့ ရှင်တော်ဗုဒ္ဓ ပွင့်ထွန်းတော်မူလာခြင်း နှစ်ပေါင်း၂၆၀ဝနှစ် ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဗုဒ္ဓမြတ်စွာဘုရားရှင်နဲ့ ရှင်တော်ဗုဒ္ဓ တည်ထောင်တော်မူသွားတဲ့ သာသနာတော်မြတ်ကြီးရဲ့  ကြာမြင့်လာတဲ့ သက်တမ်းဆိုရင်လည်း မမှားပါဘူး။ နှစ်ပေါင်း ၂၅၀ဝကျော် ယနေ့ကာလတိုင်အောင် သာသနာတော်မြတ်ကြီး အရှည်တည်တံ့အောင် ၄၅နှစ်လုံးလုံး မနေမနား သာသနာပြုတော်မူသွားတဲ့ အနှိုင်းမဲ့ အရှင်မြတ်ကြီးရဲ့ မှတ်ကျောက်ကာလလို့ ဆိုရင်လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။   ကြည်ညိုတတ်မယ်ဆိုရင် ဒီလိုနေ့ထူးနေမြတ်ကြီးမှာ ဘုရားရှင်ရဲ့ […]