စာတန်းများနဲ့မြန်မာ တိုင်းပြည်တစ်ပြည်တိုးတက်ဖို့ မှာ စာတန်းတွေနဲ့တိုးတက်အောင် လုပ်ဖို့ မဖြစ်နိုင်ပါဘူးစာတန်းတွေကြောင့်လည်း တိုင်းပြည်မတိုးတက်ပါဘူး   ဒါပေမယ် ကျွန်တော်တို့ရွှေမြန်မာများကတော့ စာတမ်းတွေနဲ့ တိုင်းပြည်တိုးတက်အောင်လုပ်နေကြတယ်လို့မြင်မိတယ်ဗျ….။။ တိုင်းပြည်တိုးတက်ဖို့ မပြောနဲ့ ပြည်သူလူထုကိုတောင် ဘယ်လိုအကျိုးသက်ရောက်မှုပေးနိုင်ပါသလဲ အဲဒီစာတန်းတွေကြောင့် ပြည်သူလူထုရဲ့ ရုပ်ပိုင်းဆိုင်ရာ  စိတ်ပိုင်းဆိုင်ရာများကို ရောအကောင်းဖက်ကိုတိုးတက်ပြောင်းလဲစေပါသလား…။။ ဒါပေမယ့် ကျွန်တော်တို့ ကိုရွှေမြန်မာ များကတော့ စာတန်းတွေနဲ့ရင်းနှီး နေပြီးသားပါ အဲဒီစာတန်းတွေ ကိုဖတ်ရလွန်းလို့လဲ ရိုးအီနေပါပြီ တစ်ခါတစ်လေလည်း အဲဒီစာတန်းတွေကို မျက်ကွယ်ပြုတတ်နေပါပြီ တစ်ခါတစ်လေလည်း သတိမမှုမိသလိုလည်းနေတတ် နေကြပြီလေ ..။။ဒါကြောင်စာတန်းတွေက်ုမမုန်းကြ သေးဘူးစာတမ်းတွေ ထပ်ကပ်ဖို့ လုပ်နေကြတုန်းဗျစာတန်းတွေရေးပြ ဖတ်ပြ ရုံနဲ့ သာတိုးတက်လာမယ် ဆိုရင်ကျွန်တော်တို့ တိုင်းပြည်ဟာ စာတန်းတွေ အပေါ်လိုက်နာမှု အရှိဆုံးနဲ့ စာတန်းတွေကြောင့်တိုးတက် လာတဲ့တိုင်းပြည်တစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာ အထူးဆန်းဆုံးတိုင်းပြည်အဖြစ် ရပ်တည်နိုင်မှာပါ..။။ စာတန်းတွေက စနစ်တွေကိုပြောင်းလဲနိုင်သလား စာတန်းတွေက  ခေတ်တွေကို […]