Ma MaSeptember 23, 20121min37448
မြန်မာနိုင်ငံစာရင်းကိုင်များအသင်းကြီးမှ အခမဲ့စာရင်းကိုင်သင်တန်းများအား ဖွင့်လှစ်သင်ကြားပေးခဲ့တာ ယခုနှစ်မှာ ၇၅နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ လူတိုင်းစာရင်းအင်းပညာ တတ်မြောက်နိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပုံမှန်သင်တန်းတွေမှာ သင်တန်းကြေး အခမဲ့ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ရန် အသင်းဝင်ရပါတယ်။ အသင်းဝင်ကြေး ၅၀၀ဝကျပ်ပေးသွင်းရပြီး စာရွက်စာတမ်းကြေးကိုလည်း အလွန်နည်းပါးတဲ့နှုန်းထားနဲ့ လူတိုင်းသင်ကြားနိုင်အောင် စီစဉ်ပေးထားပါတယ်။ သင်တန်းကိုဦးဆောင်ကြီးကြပ်သူများရဲ့ စနစ်ကျမှု၊ သင်ကြားသူ ဆရာ၊ ဆရာမများရဲ့ စေတနာထား သင်ကြားပြသမှုတို့ကြောင့် အောင်မြင်တဲ့ အသင်းကြီးတစ်သင်းဖြစ်ပါတယ်။ အသင်းကြီးရဲ့ ရ၅နှစ်ပြည့် စိန်ရတုအထူးသင်တန်းအနေနဲ့ အခုလာမယ့် အောက်တိုဘာလမှာ အသင်းဝင်ကြေးနှင့် စာရွက်စာတမ်းကြေးများပါ အခမဲ့ သင်တန်းဖွင့်လှစ်မှာ ဖြစ်ပါတယ်။ မြန်မာဗားရှင်းနဲ့ အင်္ဂလိပ်ဗားရှင်းဆိုပြီး သင်တန်း (၂)ခု ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ သင်တန်းတစ်ခုကို လူ ၁၀ဝ စီ သာ လက်ခံမှာဖြစ်လို့ တက်ရောက်သင်ကြားလိုသူတွေအနေနဲ့ အမြန်ဆုံးစာရင်းပေးသွင်းကြဖို့လိုပါတယ်။ စီစဉ်ကြသူများရဲ့ စေတနာကို […]