ကျွန်တော်တို ့မကွေးဆေးကျောင်းရဲ ့စာသင်ဆောင် Gallery တွေထဲက ထိုင်ခုံတွေ၊စာတင်ခုံများ၏အသံမဲ့ခံစားချက်တွေပါ။ဖတ်ကြည့်ပေးကြပါဦး။ ကျောင်းမဖွင့်ခင်ရက်တော်တော်ကြာကတည်းကကျောင်းမြေကိုကျွန်တော်ရောက်နေခဲ့ပါတယ်။ကျွန်တော်ဟာကျောင်းသားကျောင်းသူ အသစ်လေးတွေနဲ ့ တွေ ့ရမယ့်ရက်ကိုလက်ချိုးရေတွက်ရင်းစောင့်နေခဲ့ပါတယ်။သူတို ့တွေ ကတက်ကြွလန်းဆန်းနုသစ်နေတဲ့အရွယ်၊လှချင်နေတဲ့အရွယ်ဆိုတော့သူတို ့အနားမှာဆိုရင် ရေမွှေးနံ ့တွေ၊ပေါင်ဒါနံ ့တွေ၊ခေါင်းလိမ်းဆီနံ ့တွေမွှေးကြိုင်နေမှာပေါ့။ဒါပေမယ့် ခုတော့ကျွန်တော်က ကျောင်းဆောင်သစ်ဆောက်လုပ်ရေးသမားကြီးတွေရဲ ့ချွေး နံ ့တွေကြားမှာ———– ဒီလိုနဲ ့ဘဲ ကျောင်းဖွင့်တဲ့နေ ့ကိုရောက်လာခဲ့ပါပြီ။ကျွန်တော့်ကိုGallery ရဲ ့နောက်ဆုံးမှာနေရာချထားပေးလို ့ဝင်လာတဲ့ ကျောင်းသားကျောင်းသူအားလုံးကိုမြင်နေရပါတယ်။ ဟော. ရေမွှေးနံ ့လေးကသင်းနေတာဘဲ။အတော်ဈေးကြီးမယ့်ပုံပဲ။ဒေါက်ဖိနပ်သံလည်းကြားတယ်။ဘုရားသိကြားမ, လို ့အဲဒီ ကောင်မလေး ကျွန်တော့်အနားမှာထိုင်ပါစေဗျာ။ ကျွန်တော့်ဆုတောင်းလေးမပြည့်ခဲ့ပါဘူး။သူမက ရှေ့တန်းမှာ သွားထိုင်လိုက်လို ့ပါ။ ဟော—-နောက်တယောက်လာပြန်ပြီ။ဒီတယောက်ကဆံပင်စုတ်ဖွာ နဲ ့(ခေါင်းမဖီးခဲ့ရဘူးထင်ပါတယ်)။အကျီႌကလည်းကြေလို ့။မျက်နှာသစ် သွားတိုက်တောင်မနည်းမီအောင်လုပ်ခဲ့ရတဲ့ပုံပေါက်တယ်။ဒီလိုလူမျိုးကိုတော့ကျွန်တော့်အနားမှာမထိုင်စေချင်ပါဘူး။ဒါပေမယ့် ဘသားချောကကျွန်တော့်အနားမှာပဲ ဒုန်းကနဲ ဆောင့်ထိုင်ချလိုက်တယ်။ကျွန်တော့် ကျောတွေရင်တွေတောင်အောင့်သွားသလိုဘဲ။ “အမေတို ့ကလည်း မတက်ချင်ပါဘူးဆိုနေ. အခုတော့အိပ်ရေးပျက်ရပြီ”တဲ့။ဟောဗျာ. […]