s0t04August 24, 20101min702
အခု ဒီမှာ နွေရာသီ ရောက်လာပြီဆိုတော့ ထုံးစံအတိုင်း ပူ စ ပြုပြီပေါ့။ ပူတော့ နေလို့ ထိုင်လို့ မကောင်းဘူး။ လင်းတော့ လင်းချင်းပါရဲ့၊ ဒါပေမဲ့ အိုက်တယ်။ ကိုယ်က ဒီမှာ နွေဦးရာသီကို သဘောကျတယ်။ ရာသီဥတုလဲ ကောင်း၊ နေရောင်ခြည်လဲ ကောင်းကောင်းရလို့ပါ။ ပန်းတွေလဲ ပွင့်ကြတာမို့ မြင်မြင်သမျှ နှစ်သက်မိတယ်။ ငယ်ငယ်တုန်းက နွေရာသီဆိုရင် ကျောင်းပိတ်တာမို့ ပျော်စရာအကောင်းဆုံးပေါ့။ ကလေးဆိုတော့ နွေရာသီကိုသာ မျှော်မိတာပဲ။ ကျောင်းတက်ရတဲ့အချိန်တွေမှာ မနက်စောစော ကျောင်းတက်ဖို့ နှိုးရသလောက် နွေရာသီ ကျောင်းပိတ်ရက်ကျရင်တော့ အစောကြီး အလိုလို နိုးနေတတ်တယ်။ ဆော့ဖို့ ကစားဖို့ ရယ်ဒီပဲ ဆိုသလိုပေါဲ့။ ဒါကလဲ ရတန်းလောက်အထိပါပဲ။ ၈တန်း ကျောင်းပိတ်ရက်ကစ ပြီး ကိုယ်တို့ အမေ့ကျောင်းကို […]