alinsettAugust 11, 20141min17312
စာသားများ….ထို့အပြင်…ရည်ရွယ်ချက်များ…     ဟောဒီကောင်းကင်တော် ဝတ်ရုံလွှာအောက်မှာ… ငါ့ရင်ခွင်တစ်ခုလုံး…မိုးကြိုးတွေ တဂျုံးဂျုံးပစ်ချခံရ ငါထူငါထ စနစ်နဲ ့… အခါခါလဲကျပေးခဲ့ရတယ်… ။ ———————————————————————   ချစ်သော…နှင်းစက်မှုန်ရီတို ့… ဒီမီးကို…တဟုန်းဟုန်းတောက်ရာမှ ငြှိမ်းလှည့်ပါ… ငါ့ကို ချမ်းသာစေလှည့်ပါ… ။ ငါ့ဆန္ဒပြုသံတို ့တော်လဲ… ငါ့ကို … ငါ ကျိန်ဆဲပြီးလို ့… ငါက ငါ့ကို… ခွင့်လွှတ်ထားပါတယ်..… ။ ———————————————————————   မနေ့ကတွေအကုန်လုံး… အတုံးလိုက်အတစ်လိုက် ကုန်ဆုံးခဲ့ပြီးတဲ့နောက်… ငါ့နှလုံးအိမ်ဟာ… ဓါးလှံယဉ်ကျေးမှုကို ကိုင်ဆွဲ…. မျက်ရည်မဲ ့ ငိုညည်းသံတွေ ပြန့်ကျဲ… စစ်ပွဲပြီးစ…မဟာအောင်မြေလို…အကျည်းတန်စွာလှပခမ်းနားလို ့… တိတ်ဆိတ်ခြင်းနဲ့ဆူညံစွာ… အူအူငွေ့ငွေ ့…. ကျန်ရစ်တယ်… ။ ———————————————————————————————     လေးမြတ်စင်ကြယ်ဖူးသော…ကြယ်ပွင့်များ… […]