manawphyulayJanuary 10, 20121min22815
စာအုပ်တွေလေ။ ပြန့်လို့ ကျဲလို့။ ဖုန်တွေလည်းတက်။ ပင့်ကူမြှေးတွေလည်း ငြိလို့။ ဒါတောင် လျှောအိတ်နဲ့ ထည့်ထားတဲ့ စာအုပ်တွေက တစ်ပုံတစ်ပင်။ ခဏခဏ ဖတ်ဖြစ်တဲ့ စာအုပ်တွေကတော့ ခေါင်းအုံးနားနဲ့ စားပွဲခုံပေါ်မှာ လှန်တချို့ မှောက်တချို့။ အသစ်လက်ဆောင်ရထားတဲ့ စာအုပ်တွေကတော့ စားပွဲပေါ်တချို့၊ အိတ်ထဲက မထုတ်ရသေးတာ တချို့။ စာအုပ်စင်လေး တစ်ခုလုပ်မယ်လို့ စိတ်ကူးထားပေမယ့် ခုထိ အကောင်အထည်မဖော်နိုင်သေး။ စာအုပ်ထူထူကြီးတွေဟာ ရေးရသူအဖို့ အတော်ဒုက္ခများခဲ့ပေလိမ့်မယ်။ အထူးသဖြင့် အဲဒီစာအုပ်အထူကြီးတွေဟာ အတော်ကို သပ်သပ်ရပ်ရပ် ရှိလှပါပေတယ်။ ဒါပေမယ့် သူတို့ကို အပျင်းပြေ အိပ်ရာထဲမှာ ပက်လက်လှန်ပြီး ဖတ်ဖို့ဆိုတာ အတော် မဖြစ်နိုင်တဲ့အရာပါပဲ။ ဒီတော့ စိတ်ဝင်စားပြီး အချိန်ပေးနိုင်မှသာ ဖတ်ဖြစ်ပါတယ်။ ဥပမာ မြန်မာဝတ္ထဲတိုအညွှန်းလို စာအုပ်ကြီးလိုမျိုးတွေပေါ့။ ဘယ်စာအုပ်ဖြစ်ဖြစ် ဗဟုသုတတွေ ဒုနဲ့ဒေးဆိုတော့လည်း […]