ဒီနေ့တော့စာအုပ်လေးတစ်အုပ်နဲ့မိတ်ဆက်ပေးပါရစေဗျာ…. စာအုပ်နာမည်လေးကထူးခြားသလို  အကြောင်းအရာကိုတင်ပြထားပုံကလည်းဆန်းသစ်လှပါတယ်.. ကျွန်တော်ဆိုကြိုက်လွန်းလို့…မကြာခဏပြန်ဖတ်လေ့ရှိပါတယ်…ဖတ်တိုင်းလဲရိုးသွားတယ်မရှိဘဲ.. အမြဲခံစားမှု့အသစ်အသစ်ေျတွနဲ့ ဖမ်းစားနိုင်တုံးပါ…ဒါနဲ့ဘဲ ဂေဇက်ရွာသူရွာသားတွေကိုမျှဝေ.. ခံစားစေချင်လို့ ..စာမြည်းလေးကြိုးစားတင်လိုက်ရပါတယ်… ဖတ်ပီးသားပုဂ္ဂိုလ်တွေလဲ..အမှတ်တရပြန်ဖြစ်တာပေါ့… ဘာသာပြန်သူဆရာကြီးပါရဂူ ရဲ့ အမှာလေးအရင်မြည်းကြည့်ကြပါဗျာ..                                             မြန်မာပြန်သူ၏အမှာ   ဒီစာအုပ်သည် မည်သည့်စာအုပ်မျိုးဖြစ်ကြောင်းကို ဒီစာအုပ်၏နိဒါန်းတွင် ရေးသားဖော်ပြထားသည်။ Tစာအုပ်သည် ဗုဒ္ဒဝင်စာအုပ်နှင့်မတူသော ဗုဒ္ဒဝင်စာအုပ်ဖြစ်သည်။Tစာအုပ်၏ထူးခြားချက်မှာဗုဒ္ဒကိုယ်တော်တိုင်ကမိမိအကြောင်းကို ဒိုင်ယာရီမှတ်တမ်းသဖွယ် တင်ပြသွားသည့်ပုံစံမျိုးဖြင့် ရေးသားထားခြင်းဖြစ်လေ်သည်။ရေးဟန်ရေးနည်း မည်သို့ပင်ဖြစ်စေကာမူူဗုဒ္ဒအကြောင်းကို ရေးသားထားသည့်စာအုပ်များအနက် T ီစာအုပ်သည် ကျွန်တော့်အတွက် စိတ်ဝင်စားစရာအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်ပေသည်။ စိတ်ဝင်စားဖွယ်စာအုပ်တစ်အုပ်ကို ဖတ်မိသောအခါတွင် စာဖတ်ပရိတ်သတ်များအား ပြန်လည်ဖောက်သည်ချလိုသည့်စိတ်ဆန္ဒ ကျွန်တော့်တွင်ပေါ်ပေါက်လာတတ်ပေသည်။ ဒီစာအုပ်ကို မြန်မာပြန်ရာတွင် ယင်းစိတ်ဆန္ဒ၊ယင်းစေတနာသည် အခြေခံအကြောင်းရင်း ဖြစ်ပေသည်။ ဒီစာအုပ်တွင် အစဉ်အလာအားဖြင့် ယူဆလာခဲ့သည့်အယူအဆများကို ရဲရဲဝံ့ဝံ့ တော် လှန်ထားပေသည်။ထို့ကြောင့်ပင် စိတ်ဝင်စားဖွယ် စာအုပ်တစ်အုပ်ဖြစ်နေခြင်း ဖြစ်သည်။ဥပ မာအားဖြင့်ထုတ်ပြရလျှင် မာရ်နတ်ဆိုသည်မှာ […]