အရသာ စာပေလေးနဲ့ စလိုက်ရအောင်..!! စားဖိုမှူးလုပ်ရအောင် အောင်မိုးသူရဲ့ ရသစာ သမားကနေ ရသာ စာပေပိုင်းကို ကူးတော့မလား ထင်မှတ်မှားရတဲ့ ပို့(စ) တွေပါ။ ကိုယ်တိုင်ကျွမ်းကျင်စွာချက်ပြုတ်နိုင်တာမို့ ချက်ရေးပြုတ်ရေး သွေးအေးနေတဲ့ အိမ်ရှင်မတွေ အတွက် အကျိုးရှိနိုင်တာမို့ ညွှန်းလိုက်ပါရစေ။ . . . စိတ်အဆာသွတ်ပေါင်း – ကြွေလွင့်ပန်း https://myanmargazette.net/206993 ကြွေလွင့်ပန်း ရဲ့ ဖြစ်ရပ်မှန် အခြေခံ ရသ စာတစ်ပုဒ်ပါ။ ဖတ်ပြီး နည်းနည်း မွန်းကြပ်လာသလို ခံစားရတာကလွဲရင် ခံစားချက် အပြည့်ပါတဲ့ စာစုမို့ ညွှန်းချင်ပါတယ်။ . . . စိတ်ကိုပြင်ချင် ရိပ်သာဝင် အပိုင်း(၁) မှ (၅)  – aye.kk https://myanmargazette.net/207452 အေးကေကေ ရဲ့ အတွေ့အကြုံနဲ့ […]


ဒီ အောက်တိုဘာ လ ပို့(စ) တွေ မညွှန်းခင်……….. စာကြမ်းပိုးတို့ လွဲချက်လေး ပြောပါရစေဦး။ စက်တင်ဘာမှာ အကြိုက်တွေ့မိတဲ့ ဆရာ နေဝန်းနီရဲ့ ” အချစ်မူးတဲ့ ည” ကို ပုံစံအမျိုးမျိုးနဲ့ ရေးတာမှာ ဝတ္ထုတို အဖွဲ့က အမှန်ဆို အောက်တိုဘာမှ လာရမှာ။ ကိုယ့်ဆရာက မလာတော့ စောင့်ရကျိုးမနပ်ဘူးး https://myanmargazette.net/204279 https://myanmargazette.net/204415 https://myanmargazette.net/204593 အမှန်တော့ စက်တင်ဘာမှာ ညွှန်းသင့်တဲ့ ပို့(စ) တွေပါ။ အစောင့်မှားသွားတာပေါ့။ . . ခု အောက်တိုဘာ လ ကိုတော့ မောင်ဘလှိုင်ရဲ့ ဘာသာပြန် အခန်းဆက် ၃ ခု နဲ့ဖွင့်ပါရစေ။ အစအဆုံးကိုလည်း တစ်လ အတွင်း ရေးပေးသွားတာမို့ ကျေးဇူးတင်ပါတယ်။ ထူးဆန်းသော ခရာကလေး […]


ကျနော်တို့ ရွာထဲမှာဗျာ… စက်တင်ဘာတုန်းက တော်တော်များများ သေကြတယ်လေ။ ဘာပဲဖြစ်ဖြစ် ရှာဖွေပြီး ကောင်းသမျှလေးတွေ ညွှန်းလိုက်ပါတယ်ဗျာ။ ~~~~~~~~~~~~~ ၁)” မြန်မာနိုင်ငံရန်ကုန်မြို့လယ်က သမိုင်းအကြောင်းအပြည့်နဲ့အထင်ကရ Musmeah Yeshua Synagogue ဂျူးဘုရားကျောင်း” – အာဂ https://myanmargazette.net/203997 “အာဂရဲ့.. အင်တာဗျူးပညာနဲ့..သတင်း ရေးနည်းက.. ကမ္ဘာ့အဆင့်မှီနေတယ်…” ဆိုတဲ့ သူကြီးရဲ့ မှတ်ချက်ချမှု ရခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ရန်ကုန်မြို့လယ်က Musmeah Yeshua Synagogue ဂျူးဘုရားကျောင်း ရဲ့ သမိုင်းကြောင်းကို အမေးအဖြေသဘောမျိုး မပေါ်စေပဲ ရေးသွားနိုင်တာမို့ စာကြမ်းပိုးတို့ အကြိုက်တွေ့မိပါတယ်။ . . . ၂) အကျူ ိးတူ = ??? – ဘဲဥ https://myanmargazette.net/204141 ပျောက်နေတာ ကြာပြီဖြစ်တဲ့ ဘဲဥရဲ့ […]


ကျနော်တို့ ရွာထဲမှာဗျာ………. ဩဂုတ် လ အတွက်တော့ တခြား ထွေထူး မပြောတော့ပါဘူးဗျ နော့။ ပို့(စ) ညွှန်းလေးတွေသာ ကြည့်ပါတော့။ . . . . https://myanmargazette.net/202190 ခေတ်သစ်ဈေးလည်ခြင်း – ကိုပေါက်(မန္တလေး) ဟိုး အရင် ရပ်ကွက်အိမ်ဆိုင်မှ စ ခု နောက်ဆုံးဝယ်နေကျနေရာများဖြစ်တဲ့ မီနီမတ် တွေ အကြောင်းပါ။ ကိုပေါက် ရဲ့ ရေးဟန် အတိုင်း အတော် နှံ့နှံ့စပ်စပ် ပြည့်ပြည့်စုံစုံရေးထားပါတယ်။ ခေတ် အလိုက်ပြောင်းလဲလာတဲ့ ဈေးသည် ဈေးဝယ် ဟန်တို့ရဲ့ နောက်ကို နည်းပညာ၊ အသိစိတ်ဓာတ်၊ ဝန်ဆောင်မှုတို့ က အမှီလိုက်ရဲ့လား ဆိုတာ အတွေးပွါးစရာ ပို့(စ) တစ်ပုဒ်ဖြစ်ပါတယ်။ ဖတ်ကြည့်ပါဦး ခင်ဗျာ။ . . […]


  ကျွန်တော်တို့ ရွာထဲမှာတော့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ တကယ်ကို ဖြစ်နေပါပြီခင်ဗျာ။ ဘယ်လိုရင်ခုန်စိတ်လှုပ်ရှားစရာမျိုးတွေတဲ့…လဲ။ ဂျူလိုင်လ ထဲမှာ ဖြစ်ခဲ့တာတွေ က အဆိုးတွေလည်း ပါသလို အကောင်းတွေလည်း ပါတယ်လို့ ပြောလို့ရပါတယ်။ စာဂျပိုးတို့ကတော့ အဆိုးကိုလည်း ရင်ခုန်စိတ်လှုပ်ရှားရသလို၊ အကောင်းကိုလည်း ရင်ခုန်စိတ်လှုပ်ရှားလိုက်တာပါပဲ။ အဆိုးတွေကိုတော့ ရေးမပြတော့ပြီ။ အကောင်းတွေကိုတော့ နည်းနည်းတို့ထိလိုက်ပါရစေဦး။ ဝါရင့်ရွာသားဟောင်းကြီး ကိုပေါက် (မန္တလေး) က သူ့ အတ္ထုပတ္တိ ကို ပို့စ်တွေ ရေးတင်လာခြင်းဖြစ်ပါတယ်။ အတ္ထုပတ္တိ ရေးသော ပထမဆုံး ရွာသား အဖြစ် ကျွန်တော်တို့ မှတ်တမ်းတင်ပါတယ်။ နောက် ကဗျာဆရာ ကမ်းဝေးတစ်ယောက် စကားပြေ ဘက် ဦးလှည့်လာတာပဲ ဖြစ်ပါတယ်။ ကဗျာအရေးကောင်းလှပြီထင်ခဲ့တဲ့ ကျွန်တော်တို့ကို ငုတ်တုတ်မေ့သွားစေခဲ့သော ဂျိုးနှင့် ဝက်ခြံ၊ ဂျိုးနှင့် နှပ်ချေး […]


ကဲ။ June’ 2014 အတွက် စာကြမ်းပိုးတို့ ရဲ့ စာပေစကားဝိုင်းလေး တင်ဆက်ဖို့အချိန်ကျရောက်လာခဲ့ပြန်ပါပြီ။ June လထဲမှာတော့ ညွှန်းစရာပို့စ်ကောင်းကောင်းလေးတွေ နည်းသွားတာကိုတွေ့ရပါတယ်။ နည်းပေမယ့် ညွှန်းရမယ့် ပို့စ်တွေက ဒိတ်ဒိတ်ကျဲပို့စ်တွေဆိုတော့ စာကြမ်းပိုးတို့ပီတိဖြစ်ရပါတယ်။ June လအတွင်းတက်ခဲ့တဲ့ ပို့စ်တွေထဲမှာ အားမနာတမ်းပြောရရင် ကိုယ်တိုင်ရေးစာကောင်းတွေအတက်နည်းခဲ့ပါတယ်။ June လနောက်ဆုံးပတ်ထဲမှာတော့ ရွာထဲ တစ်ကျော့ပြန်ဝင်လာတဲ့စီနီယာလူဟောင်းကြီးများနဲ့ ရွာထဲက လက်ရှိ ရွာသူားကြီးတွေရဲ့ အပြန်အလှန်တိုက်ခိုက်ရေးသားတဲ့ ပို့စ်တွေ က များခဲ့ပါတယ်။ အဓိကအချက်က တစ်ကျော့ပြန်ဝင်လာတဲ့စီနီယာလူဟောင်းကြီးတွေအနေနဲ့ မန္တလေးဂဇက် ရဲ့ လက်ရှိသွားနေတဲ့ပုံစံနဲ့ ဟိုတုန်းက သွားနေတဲ့ပုံစံ မတူတော့တာကို သတိမပြုမိကြတာပဲလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ ဆိုတော့…လက်ရှိ ရွာသူားတွေ အနေနဲ့ စီနီယာလူဟောင်းကြီးတွေအပေါ် မည်သည့်အာဃာတ မှ မရှိကြပါ။ ခင်ဗျားတို့ ရဲ့ ဖြတ်သန်းခဲ့မှုအပေါ်လည်းအသိအမှတ်ပြုကြပါတယ်။ ခင်ဗျားတို့ […]


  မန္တလေး ဂေဇက် ရွာကြီးကို မြို့အဆင့် သို့ မြှင့်တင်ခဲ့ပြီဆိုသော်လည်း ကျွန်တော်တို့ကတော့ ကျေးလက်ရနံ့လေးကိုသာ ပိုမိုမက်မောတွယ်တာနေဖြစ်ကြပါသည်။ ရွာဆိုသော အသုံးအနှုန်းကိုပဲ မြတ်မြတ်နိုးနိုး ဆက်လက်သုံးစွဲချင်ပါသည်။ ရွာထဲတွင် ရေးတင်လာကြသော ပို့စ်များထဲမှ ကောင်းနိုးရာရာပို့စ်လေးများကို ကျွန်တော်တို့က ရွေးထုတ်ကြပြီး အလွတ် သဘော ဝေဖန် ဆွေးနွေးမိကြပါသည်။ ပို့စ်က အရမ်းကြီး မကောင်းပေမယ့် ဝိုင်းပေးကြသော comment များက မိုးပျံနေတတ်တာကိုလည်း ဆွေးနွေးမိကြပါသည်။ ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးကြတာလေးတွေကို ရွာထဲတင်ပြကြ လျှင်ဖြင့် ကောင်းမည်ဟု စဉ်းစားမိ်ကြပါသည်။ သို့ဖြင့် ရွာသူ ရွာသား စုစုပေါင်း ငါးဦး၏ စာပေစကားဝိုင်းလေး ဖြစ်လာရပါသည်။ ပို့စ် ၏ နာမည်ကို ကျွန်တော်တို့ ရွာထဲမှာ ဟုပေးပြီး ကလောင်နာမည်ကို စာကြမ်းပိုး ဟုပေးဖြစ်ကြပါသည်။ […]