ဂဇက်ထဲ စိတ်အမော ပြေ ပဟေဠိအစီအစဉ်လေး လုပ်ကြည့်တာပါ။ တယ်လီနောလေးက ပိုက်ပိုက်သိပ်မဖြတ်တာရယ်။လိုင်းလေးမဆိုးတာရယ်။နည်းနည်းအားနေတာရယ်ကြောင့် ရွာထဲ လမ်းသလားနိုင်တုန်းလေးပေါ့။ :kwi:   စပြီ :mrgreenn:  အတွဲ(၁) မှာတော့ စာပေ ပဟေဠိနဲ့စလိုက်ရအောင်။   ၁- ပေါင်းတလည်မြို့ကို နောက်ခံထားတဲ့ ဆိုက်ကိုဆန်ဆန် ၊အနုပညာဆန်ဆန် နာမည်ကြီး စာရေးဆရာကြီးတစ်ဦးရဲ့ ဝတ္ထု။ မန္တလေးသိန်းဇော်နဲ့မေဆွိက ဗွီဒီယိုပြန်ရိုက်ထားခဲ့ဖူးတယ်။   ၂-ယေရှုခရစ်တော်ကို ကားစင်ဖို့ တာဝန်ပေးခြင်းခံရတဲ့ ဗိုလ်မှူးတစ်ဦးရဲ့အကြောင်း။ယေရှုရဲ့ဝတ်ရုံတော်ကိုယုံကြည်ပြီးနောက် ခရိယာန်ဖြစ်လာပုံတွေကို မျက်စိထဲမြင်လာအောင်ကျကျနနဖော်ကျူးရေးသားထားတဲ့ “မြတ်ဝတ်ရုံ” ဆိုတဲ့ ဝတ္ထုကို ရေးတဲ့ စာရေးဆရာရဲ့အမည်။မြို့တစ်ခုနာမည်ရှေ့ကပါတယ်။   ၃-နာမည်ကြီး စာရေးဆရာမကြီးတစ်ဦး။သူ့ရဲ့ ဝတ္ထုတစ်အုပ်က ခေါင်းစဉ်နဲ့ သူ့သမီးကိုနာမည်ပေးထားတယ်။အဲဒီသမီးကလည်း နာမည်ကြီးစာရေးဆရာမဖြစ်လာတယ်။အမေစာရေးဆရာမကြီးနဲ့ သူ့သမီးနာမည်နဲ့ဝတ္ထုခေါင်းစဉ်။   ၄-စာအုပ်ခေါင်းစဉ်တွေကို အပြန်အလှန်တွေးခေါ်ခြင်းနဲ့ အမည်တပ်လေ့ရှိတဲ့ ပြည်ပရောက် စာရေးဆရာကြီးတစ်ဦးရဲ့အမည်။ ဥပမာ-ရှိလို့လှူတာ […]