manawphyulayMarch 13, 20111min680
အဖဦးချစ်ဖေ၊ အမိ ဒေါ်စိန်မြင့်တို့မှ ၁၉၃၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဧရာဝတီတိုင်း မြောင်းမြမြို့၌ မွေးဖွားသည်။ စာပေပညာလေ့လာခြင်း မူလတန်းနှင့် အလယ်တန်းပညာကို မြောင်းမြမြို့၊ အထက်တန်းပညာကို ရန်ကုန်မြို့မအထက်တန်းကျောင်းနှင့် ဝိဇ္ဇာဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ စာပေဘဝအစ ၁၉၄၉ခုနှစ်တွင် ရိုထရီကလပ်မှီ ကျင်းပသော စာစီစာကုံးပြိုင်ပွဲဆုရ “နိုင်ငံသားကောင်းတာဝန်” စာစီစာကုံးကို ဟံသာဝတီ လွတ်လပ်ရေးနေ့ အထူးထုတ် သတင်းစာ၌ “မျိုးသန့်” ဟူသည့်ကလောင်အမည်ဖြင့် စတင်ဖော်ပြခံရကာ ကလောင်သွေးခဲ့သည်။ ၁၉၄၉ခုနှစ်တွင် “မောင်ဖြူနွဲ့”ဟူသည့် ကလောင်အမည်ဖြင့် ဟံသာဝတီမဂ္ဂဇင်းကဏ္ဍ၌ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်မှစ၍ “မောင်ဆုရှင်” ကလောင်အမည်ဖြင့် ရူမဝ၊ သင့်ဘဝ၊ စာပေဗိမာန် စသည့်မဂ္ဂဇင်းများတွင် စာပေများ စတင်ရေးသားပြုစုခဲ့သည်။ ၁၉၅၅ခုနှစ်မှ စတင်ပြီး “မျက်မှောက်ကမာ္ဘ့ရေးရာ” အခန်းများကို ရူမဝမဂ္ဂဇင်းတွင်ရေးသားခဲ့သည်မှာ […]