koyin sithuDecember 27, 20114min1448
ကျွန်တော်တို့မရမ်းတလင်းခြံ အယူတော်မင်္ဂလာခြံမှာ ပညာသင်ခဲ့တုန်းက အရမ်း ပျော်ရွှင်ခဲ့ရပါတယ်။ ဘာမှ ပူပင် သောကမရှိခဲ့ဘူး။ အဘကျွေးတဲ့ ထမင်းကိုစားတယ်။ အဘ ဝတ်ခိုင်းတဲ့ အဝတ်အစားကို ဝတ်တယ်။ မိုလင်း မနက်(၄)နာရီ လောက်ကတည်းကနေ ညနေ မိုးစုန်းစုန်း ချုပ်တဲ့အထိ အဘရဲ့ ဗေဒင်ပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေကို လုပ်တရတယ်။ အမှန်အတိုင်းပြောရရင် အားချိန်နားချိန်ရယ်လို့တောင် မရှိခဲ့ပါဘူး။ တစ်နေ့မှာ (၃)နာရီလောက်ပဲ အိပ်ခဲ့ရတယ်။ ဒါပေမယ့် အိပ်ရေးမဝလို့ မူးနောက်နောက် ဖြစ်ခဲ့တယ်ဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့် ကျန်းမာရေးကောင်းခြင်းရယ်၊ အိပ်ပျော်ခြင်းရယ် ၊ ပျော်ရွှင်ခြင်းရယ် ဆိုတာကို ကျွန်တော် သဘောပေါက်နေခဲ့တယ်။ အဘမင်းသိင်္ခရဲ့ ခြံမှာ နေတုန်းက ပညာတွေ မျိုးစုံသင်ယူခဲ့ရတယ်။ အဘကလည်း ကျွန်တော်တို့ကို ထမင်းကျွေး လဘက်ရည်တိုက် ပြီး ပညာမျိုးစုံကို […]