စာလေးတစ်ပုဒ် စာလေးတစ်ပုဒ်ခင်ဗျားတို့ဖတ်ရဘို့ ကျုပ်တို့စာရေးတဲ့သူတွေမှာ ဘယ်လောက် ခေါင်းခြောက်တယ် ထင်သလဲ စာရေးတယ်ဆိုတာ ဟောတစ်ပုဒ်ဟောတစ်ပုဒ် စက်နဲ့လှည့်ထုတ်သလို ရတာမဟုတ်ဘူးဗျ  ကုန်ကြမ်းဆိုတာကရော စာရေးဘို့ကုန်ကြမ်းအကြောင်းအရာ တစ်ခုဖြစ်လာဘို့  အဲဒီအကြောင်းအရာပေါ်မှာ ရေးသားသူရဲ့ အမြင်နဲ့လဲဆိုင်သေးတယ်လေ  စာရေးမယ့်သူက အကြောင်းတိုက်ဆိုင်လာတဲ့ ကုန်ကြမ်းကို  ဘယ်လိုမှမခံစားရဘူးဆိုရင်လဲ စာတစ်ပုဒ် ဖြစ်လာမှာမဟုတ်ဘူးလေ ပြောရမယ်ဆိုရင်တော့ ရင်ဘတ်နဲ့ ရင်းပြီးရေးရတာ ပေါ့ ။ ဒါမှလဲ ဖတ်တဲ့သူ ဟတ်ထိ မှာပေါ့ ။ စာဖတ်သူရဲ့ ရင်ထဲမှာ နဲနဲလောက် ကျန်ခဲ့တယ်ဆိုရင်တောင် ရေးရသူ ဆံပင်ကျွတ်ရကြိုး နပ်တယ်ပြောရမှာပေါ့ဗျာ ။ ရေးတဲ့သူနဲ့ ဖတ်တဲ့သူကလဲ ရေးသားတဲ့စာတိုင်းမှာအံဝင်ဂွင်ကျ ဖြစ်ချင်မှ ဖြစ်မှာလေ ။ တယောက်နဲ့ တယောက် ဝါသနာချင်းက တူကြတာမှ မဟုတ်တာဘဲ ။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို […]