နွေဦးDecember 30, 20125min38340
စားသောက်တော့မယ်ဆို ဘယ်လိုစားမလဲ လို့မေးရအုုံးမယ် ။ကျွန်တော်တို့တတွေကတော့ လက်ဆေး ပုဂံယူ ထမင်းနဲ့ဟင်း သင့်သလို ထည့်ပြီး လက်နဲ့ အားရပါးရ နယ်စားလိုက် ပြီးတာဘဲပေါ့ ။ငပိရည် တို့စရာလေးတွေ မြှုပ်ထည့်ပြီး အားရပါးရလွှေးလိုက်ရရင် ဆွေမျိုးတောင်မေ့သွားသလားဘဲ ။ ဇလုံနဲ့နယ်ဖတ်စားရမယ်ဆိုရှယ်ပေါ့နော် ။   ဒါပေမဲ့ ခေတ်ကပြောင်းနေပြီဗျာ…။အရင်လိုမဟုတ်တော့ဘူး ။ဘယ်သူမဆို နိုင်ငံအကြီးအကဲ ဖြစ်နိုင်တဲ့ ဒီမိုကရေစီ စနစ်နဲ့ နိုင်ငံဖြစ်လာပြီလေ ။ ဒီတော့ ကံကောင်းအကြောင်းလှလို့ နေရာတစ်နေရာမှာ လူကြီးဖြစ်လာပါပြီတဲ့ …သူ့အဆင့်နဲ့သူ ညစာစားပွဲတွေ ဧည့်ခံပွဲတွေ တက်ရမယ် လူကြီးလူကောင်းတွေနဲ့ အတူတူ စားရသောက်ရတော့မယ်ဆို အိမ်မှာလို ထမင်းကို လက်နဲ့ အားရပါးရ နယ်ဖတ်ပြီး စားလို့မရတော့ဘူးလေ ။ မှင်နဲ့မောင်းနဲ့ အိန္ဒြေရရ စားသောက်ရတော့မှာပါ ။   နိုင်ငံရပ်ခြားတိုင်းပြည်တွေကို […]