မြသဲ ( 17082011 )June 22, 20121min21932
မုန့်နယ်ပြီးပုံလုပ်ရန်အသင့်   ပုံလုပ်ပြီးမီးမဖုတ်မှီ ၁ နာရီခန့်နှပ်ထား   ကျက်ပြီကွယ်   ကော်ဖီလေးပါဖျော်လိုက်မယ်   အားနေတာရယ်။ အခုတလောကွန်နက်ရှင်မကောင်းတာရယ်နဲ့ ပျင်းပျင်းရှိတာနဲ့မုန့်လုပ်စားဖြစ်တာပါ။ ရွာထဲကလူတွေလဲ သတိရတာနဲ့ ကျွေးလိုက်ပါတယ်။ အိမ်မှာလုပ်စားတော့ ကုန်ကျစရိတ်သက်သာစွာနဲ့ အဝစားရတာမို့ ကျွန်မကတော့ မုန့်တော်တော်များများကိုအိမ်မှာပဲ လုပ်စားလေ့ရှိပါတယ်။ ဒီကြက်အူချောင်းပေါင်မုန့်လေးဆိုလဲ အပြင်မှာဝယ်စားရင် တခု ၆၀ဝ ကျပ်ပေးရပါတယ်။ အခုကတော ၁၂ ခုလုပ်တာမှ ၂၅၀ဝ ကျပ်လောက်ပဲကျတာမို့ အိမ်မှာပဲလုပ်စားဖြစ်ပါတယ်။ မုန့်လုပ်နည်းစိတ်ဝင်စားတယ်ဆိုရင်တော့ ပေးပါ့မယ်။ သိပ်မခက်လှပါဘူး။ ပူပူနွေးနွေးလေးမို့ ဖြည်းဖြည်းစားကြပါနော်။


မြသဲ ( 17082011 )March 20, 20122min20222
ပါဝင်ပစ္စည်းများ ၁ ။ဖက်ထုပ်ရွက် ၄ဝ ( အဝိုင်း ) ( ကျွန်မကတော့ လေးထောင့်ပဲရလို့ ငွေထုပ်ပုံလုပ်လိုက်ပါတယ်။ ) ၂ ။ ကြက်သား ( ဝက်သား ) ၂ဝ သား ( နုတ်နုတ်စင်းထားပါ ) ( အမဲသားစားသူများ အမဲသား ၂ ချိုးနှင့် ဝက်သား ၁ ချိုးရောလျှင်လဲရသည်။ ) ၃ ။ မှိုခြောက် ၅ ခု ( ရေဖြင့်ပြုတ်ပြီး နုတ်နုတ်စင်းထားပါ ) ၄ ။ ကြက်သွန်မိတ် ၂ စည်း ၅ ။ တိုဟူး ၃၀ဝ ဂရမ် ၆ ။ ကြက်သွန်နီ ၁ […]