Ma MaJuly 18, 20111min24220
ဝါတွင်းမှာ သတ်သတ်လွတ် စားချင်သူတွေအတွက် ချိုဆိမ့်ဟင်းတစ်ပွဲလောက်နဲ့ တည်ခင်းချင်ပါတယ်။ လိုအပ်တဲ့ အမယ်လည်း မများပဲ စားလို့လည်း အရသာရှိတဲ့ သတ်သတ်လွတ် ပဲပြား+သခွားသီး ချက်ဖို့ဆိုရင်………. ပဲပြား ကို ၄စိပ် စိပ်ရပါမယ်။ သခွားသီး အလုံးကြီး ၁ လုံးကို အခွံခွာ၊ ထက်ခြမ်းခြမ်းပြီး မထူမပါး အကွင်းလေးတွေ လှီးထားပါ။ အိုးထဲ ထည့်တဲ့အခါ ပဲပြားကို အရင်ထည့်၊ အပေါ်က သခွားသီး လှီးထားတာကိုထည့်။ ပြီးရင် ကြက်သွန်နီ ဥကြီး ၃-၄ လုံးလောက်ကို ကြမ်းကြမ်း လှီးထည့်ပါ။ အိုးထဲကို ကြာညို့ရည် နဲနဲ၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပါ။ ပြီးရင် ဆီများများထည့် အိုးကို အဖုံးပိတ်ပြီး မီး မနည်းမများနဲ့ တည်ရပါတယ်။ မီးများလွန်းရင် ခဏလေးနဲ့ ရေခမ်းသွားလို့ […]