Khaing KhaingFebruary 27, 20121min30233
အေးချမ်းငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ခဲလုံးတစ်လုံးပစ်လိုက်သလို လှုပ်ရှားသွားခဲ့ရတဲ့အဖြစ်တစ်ခုပါ…. သူနဲ့ကျွန်မ စတွေ့ပုံက သိပ်တော့မထူးဆန်းပါဘူး ကျွန်မအလှူပွဲတစ်ခုကိုသွားတယ် ကျွန်မဘဝလေးက အဲအချိန်ထိလုံးဝအေးချမ်းပျော်ရွင်နေခဲ့တဲ့ဘဝလေးပါ သူငယ်ချင်းတွေနဲ့ပျော်ပျော် ပါးပါးပြောဆိုရယ်မောနေတဲ့အချိန်မှာ အမှတ်မထင်သူရောက်လာတယ် ကျွန်မတို့သူငယ်ချင်းတွေပြောနေတဲ့ စကားဝိုင်းထဲကိုပေ့ါ အဲတုန်းကကျွန်မစိတ်ထဲဘယ်လိုမှမနေခဲ့ပါဘူး သူကကျွန်မနဲ့ သက်တူ ရွယ်တူလေ ကျွန်မနဲ့လည်းအဲဒါကြောင့်စခင်ခဲ့တာပါ နောက်မှကျွန်မသိတာ သူကစာရေးဆရာတစ်ယောက်ပါ သူ့စာလေးတွေကို သူနဲ့ကျွန်မမရင်းနှီးခင်ကတည်းက ကျွန်မအမြဲအားပေးဖတ်ခဲ့တာပါ ကျွန်မသိပ်ကြိုက်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်နေတော့ ပိုပြီးရင်းနှီးမှုတွေပိုလာခဲ့ပါတယ် သူရေးတဲ့စာတွေအကြောင်း ကျွန်မနဲ့ဆွေးနွေးတယ် ကျွန်မလည်း တောက်တိုမယ်ရ စာအပိုင်းအစလေးတွေရေးဖြစ်ပါတယ် သူကကျွန်မစာရေးတိုင်း တစ်ဦးတည်း အမာခံ စာဖတ်ပရိတ်သတ်ပေ့ါ ကျွန်မကစာလေးကဗျာလေးတွေကို ခံစားချက်ရှိရင် ရေးဖြစ်တယ် ဒီလိုနဲ့ခင်မင်မှုတွေကြာလာတော့ ကျွန်စိတ်ထဲ တစ်မျိုးဖြစ်လာတယ် သူကစကားပြောရင်ရိုးသားတယ်လို့ ကျွန်မစိတ်ထဲထင်ခဲ့မိတယ် သူဘယ်လိုကြောင့် ကျွန်မရင်ထဲဝင်လာတယ်ဆိုတာ ကျွန်မလုံးဝမသိလိုက်ဘူး အဲဒါသူ့ပြစ်လား ကျွန်မအပြစ်လား ကျွန်မကပဲသူ့ကိုချစ်နေတာလား ကျွန်မကိုယ်ကျွန်လုံးဝမသိဘူး ကျွန်မသိတာတစ်ခုက ကျွန်မသူ့ကိုမချစ်သင့်ဘူး ချစ်လို့လည်းမရဘူးလေ […]