Ma MaNovember 25, 20152min37425
ကိုယ်တိုင်ကတော့ ဗုဒ္ဓသာသာဝင်ပီပီ ဘယ်နေရာမဆို စိတ်ထားတတ်ရင် ကုသိုလ်ဖြစ်တယ်လို့ နှလုံးသွင်းထားခဲ့ပါတယ်။ ကောင်းတဲ့စိတ်စေတနာနဲ့ လုပ်ရင် ဘယ်ဘာသာဝင်မဆို၊ ဘယ်လူမျိုးမဆို ကောင်းသောအကျိုးကို ခံစားရမှာပဲဆိုတဲ့ အသိရှိခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အမှန်တကယ် လက်တွေ့လိုက်နာမှုနဲ့ ယှဉ်ထိုးကြည့်မိခဲ့ရတဲ့ အဖြစ်အပျက်လေး၂ခု မျှဝေပေးချင်ပါတယ်။ ပထမဇာတ်လမ်းတစ်ပုဒ်က…….. ကျမတို့ဖွင့်ထားတဲ့ Motel မှာ လှေကား၊ စင်္ကြန်လမ်းနဲ့ အခန်းတွင်းမှာ သစ်သားတွေကိုအသုံးပြုထားပါတယ်။ လာသမျှဧည့်သည်တိုင်း Motel အတွင်းမှာ ဖိနပ်စီးကြပါတယ်။ ကျမတို့ဆီကို ဂျာမန်လူမျိုးဧည့်သည်တွေ လာတည်းပါတယ်။ လှေကားမှာ သစ်သားခင်းထားတာမြင်တော့ စီးလာတဲ့ဖိနပ်ကို ချွတ်၊ လက်နဲ့ကိုင်ပြီး အပေါ်ထပ်ကိုတက်ပါတယ်။ ကိုယ့်ဆီလာတည်းတဲ့ ဧည့်သည်တွေ ဖိနပ်ချွတ်ရတာ အဆင်မပြေမှာစိုးလို့ ကျမတို့အနေနဲ့ ဖိနပ်စီးခွင့်ပြုထားပါတယ်လို့ ပြောပေမယ့် …….. အဲဒီဂျာမန်ဧည့်သည်က ကျမတို့ဆီမှာ တည်းသမျှကာလပတ်လုံး သူ့ထုံးစံအတိုင်း ဖိနပ်ကို အမြဲချွတ်ပါတယ်။ ပိုပြီးထူးခြားစေတာက […]