ဘယ်ဘက်မျက်လုံးက စနာလို့ တစ်ရက်နှစ်ရက်အကြာမှာ ညာဘက်ကိုကူးတယ်။ သည်လိုပဲ လူတစ်ယောက်နဲ့ တစ်ယောက်အကျင့်ဆိုတာ ကူးတတ်သလားပေါ့။   ဟံသာဝတီအဝိုင်းကနေ တောင်ဥက္ကလာကို လမ်းလျှောက်ပြန်တဲ့ညတွေရယ်……… ဆာလောင်တဲ့ဝမ်းတစ်ထွာနဲ့ ပီဇာဆိုင်ကိုငေးကြည့်ခဲ့ရတဲ့အချိန် ဒုက္ခဟာ အဖော်အပေါင်းနဲ့လာတယ်ဆိုတာ တကယ်မှန်တယ်။   ဖြတ်ထားတဲ့ စီးကရက်က တော်တော်ကြာ စိတ်ဖြေဖျောက်မှုက စီးကရက်ဆီပြန်ရောက်တယ်။ တခါတလေပေါ့ စိတ်ထွက်ပေါက်ဆိုတာ သက်ရှိ သက်မဲ့ အရာရာတစ်ခုပေါ် သက်ရောက်တတ်တယ်ဆိုတာ….။   ဘတ်စ်ကားခလိုလို့ မမအိတ်ကပ်ထဲကို အလစ်သုတ်တဲ့အချိန် ပိုက်ဆံမပါလာဘဲ လက်ထဲပါလာတာက စီးကရက်တစ်ဘူး ဪ………. သူလည်း စိတ်ထွက်ပေါက်ရှာတယ်ထင်ပါရဲ့ ့ ။   ငွေလိုလို့ အမေ့ဆီ တစ်ထောင်လောက်တောင်းမိတဲ့အခါ အမေပြောတဲ့စကားက သူ့ကိုပေးပြီး ပြန်တောင်းတာများများတဲ့ ဆွံ့  အ သွားတဲ့ နှုတ်ခမ်းအစုံ သွားနဲ့ဖိကိုက်လိုက်တယ်။   ဟုတ်တယ်…အမေ […]


KingJune 6, 20111min21314
ဒီပို့စ်လေးကို ရေးရတဲ့ ရည်ရွယ်ချက်ကတော့ ရွာထဲမှာရှိတဲ့ ရွာသူ/သားတွေရဲ့ ခံယူချက်ကလေးကို သိချင်တာကြောင့် တစ်ကြောင်း ကျွန်တော့်ရဲ့ အဖြစ်အပျက်တွေကို နားလည်စာနာပေးနိုင်လိမ့်မယ်လို့ ယူဆရခြင်း ဆိုတဲ့ …….. အကြောင်းအမျိုးအမျိုးတွေကြောင့် ရေးတင်ရခြင်း ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း မနေ့က ရွာထဲက ရွာသူ/သားတွေ တွေ့ဆုံပွဲအစီအစဉ် ကြောင့်လည်း ပိုပြီးရင်ဖွင့်ချင်စိတ်များ ပေါ်ပေါက်လာခဲ့ပါတယ်။ ကျွန်တော်ဟာ ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်တဲ့အတွက် အချိန်တော်တော်များဟာ ကျွန်တော်မပိုင်ပါဘူး။ နိုင်ငံ့ဝန်ထမ်းတစ်ယောက်ဟာ နိုင်ငံအတွက် ၂၄ နာရီလုံး တာဝန်ရှိပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျွန်တော်ဟာ တာဝန်ဆိုတဲ့ စကားလုံးအောက်မှာ ဝတ္တရားဆိုတဲ့ လူမှုရေးများ ပျက်ကွက်မှုများရှိခဲ့ပါတယ်။ အထူးသဖြင့် ပြင်ပပေါင်းသင်းဆက်ဆံရေးများဘက်မှာ အထူးပင် အားနည်းမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရွာထဲမှာပဲ ပေါက်ကရလျှောက်ပြောရင်းနဲ့ လူပြောင်လူနောက်ရွာသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ရွာကိုသံယောဇဉ်ရှိသလို ရွာသူ/သားတွေအပေါ်မှာလည်း အတော်လေး […]