etoneAugust 26, 20101min794
မစ်ဇူရီပြည်နယ်က စိန့်လူးဝစ်မှာ ရှိတဲ့ ကုမ္ပဏီကြီးတစ်ခုမှာ နေ့လည်စာစားချိန် အလုပ်ခနနားပါတယ်.. ဝန်ထမ်း အားလုံးဟာ နားချိန်စေ့လို့ နေ့လည်စာ စားသောက်ကြတဲ့ ကန်င်တင်းကနေ အလုပ်ကို အသီးသီး ပြန်ဝင်လာကြချိန်မှာတော့ ကုမ္ပဏီအဝင်ပေါက် တံခါးမကြီးမှာ ကြော်ငြာတစ်စောင် ကပ်ထားတာကို တွေ့ကြရပါတယ်… ကြော်ငြာစာရွက်ပေါ်မှာက “သင်ရဲ့ ငယ်ရွယ်နုပျိုမှု၊ သင်ရဲ့ ပျော်ရွှင်မှုတွေကို တားဆီးပိတ်ပင်ထားတဲ့ ဒီ ကုမ္ပဏီက လူတစ်ယောက်ဟာ မနေ့က သေဆုံးသွားခဲ့ပါတယ်.. သူရဲ့ အသုဘကို ကုမ္ပဏီရဲ့ အားကစား ခန်းမမှာ ပြင်ဆင်ထားပါတယ်.. ဒါကြောင့် အသုဘရှု ကြွရောက်ဖို့ ဝန်ထမ်းများ အားလုံးကို အကြောင်းကြားအပ်ပါတယ်” လို့ ရေးထားတာပါ.. ရုတ်တရက် ကြော်ငြာကို ဖတ်လိုက်ရတော့ ဝန်ထမ်းတွေဟာ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်တော့ ဆုံးပါးသွားပြီ ဆိုပြီး စိတ်မကောင်းဖြစ်သွားကြပါတယ်.. […]