black chawJune 5, 20131min54932
ကိုယ်ပိုင်အတွေးမဟုတ်ပေမယ့် ကိုယ်ပိုင်အရေး ဖြစ်ပါတယ်ဗျာ…။ စိတ်ပြေလက်ပျောက်ဖတ်ကြည့်ကြပါဦး…။ တစ်ခါတုန်းက အင်မတန်မှန်အောင် ဟောနိုင်တယ်ဆိုပြီး နာမည်ကြီးတဲ့ လက္ခဏာ ဆရာကြီး ပါလေရာဆိုတာရှိသတဲ့ကွယ်…။ သူ့ဆီမှာ လက္ခဏာကြည့်ဖို့ကလည်း မလွယ်ပါဘူးတဲ့…။ တန်းစီရတယ်ပေါ့ဗျာ…။ တစ်နေ့တော့ နိုင်ငံခြားပြန်မော်တော်မောင်းသမားလေး မိုက်ကယ်ကိုရင်စည်သူဆိုတဲ့ ပုဂ္ဂိုလ်လေးဟာ လက္ခဏာလာကြည့်သတဲ့…။ ဒီလူက နိုင်ငံခြားပြန်ဆိုတော့ လက္ခဏာဆရာကို သိတ်အယုံအကြည်မရှိပါဘူးတဲ့…။ သူ့မိန်းမက ခေါ်လာလို့သာ လိုက်လာရတာဆိုပဲ…။ လက္ခဏာဆရာကြီး ပါလေရာကလည်း ကိုရင်စည်သူ့လက်ကိုကိုင်ကြည့်ပြီး ခင်ဗျားရဲ့လက်ဝါးကို ကြည့်လိုက်တာနဲ့ ခင်ဗျား ဘဝဇာတ်ကြောင်းတွေကို ကျွန်တော် တိတိကျကျ ပြောနိုင်နေပြီဗျာ လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်သတဲ့…။ နဂိုကမှ အယုံအကြည်မရှိတဲ့ မိုက်ကယ်ကိုရင်စည်သူဟာ မခံချင်စိတ်ဖြစ်သွားသတဲ့…။ ကဲပြောစမ်းပါဦးဗျာ..၊ ခင်ဗျား တိတိကျကျ သိနေပါတယ်ဆိုတဲ့ ကျွန်တော့်အကြောင်းလေးတွေ လို့လည်း ပြောလိုက်သတဲ့…။ ဆရာကြီးပါလေရာ…။ ။ ခင်ဗျားမှာ သားသမီး […]


black chawJune 4, 20131min740102
ကြိုတင် ဝန်ခံထားပါရစေ…။ လွန်ခဲ့တဲ့ ငါးလလောက်က ရေးထားဖြစ်ခဲ့ပြီး တင်ချင်စိတ်မရှိလို့ မတင်ဖြစ်ပဲ ထားခဲ့တဲ့ ပို့စ်ကို အခု အားအားလျားလျား ဖြစ်နေတဲ့အချိန်…၊ ပို့စ် ရေးရမှာလည်း ပျင်းနေတာနဲ့ နည်းနည်း ပြင်ဆင်ခြယ်သ မွမ်းမံပြီး တင်လိုက်တာပါဗျာ…။ စာရေးဆရာမက ဝတ္ထုရေးတယ်…။ ရုပ်ရှင်ဒါရိုက်တာက ရုပ်ရှင်ရိုက်ဖို့ဝယ်တယ်…။ မင်းသားနဲ့ မင်းသမီးက သရုပ်ဆောင်တယ်…။ ဘာဆန်းလဲ…။ ဘာများဆန်းကြယ်နေပါသလဲ…။ အဲဒီမဆန်းတာတွေကြားကပဲ ဆန်းတာကြီးတစ်ခုက ထွက်ချလာရော ကျောင်းဒကာရေ…။ နှုတ်ခမ်းခြင်းနမ်းတဲ့ အခန်းတစ်ခန်းကို အဲဒီ ရုပ်ရှင်ဇာတ်ကားထဲမှာ ဒါရိုက်တာက ထည့်မလို့တဲ့…။ ဝတ္ထုထဲမှာလည်း မပါခဲ့ဘူးတဲ့နော်…။ ကဲ…ကြည့်…။ အဲဒါကြီးကိုက ဆန်းနေပါတယ်ဆို…။ မင်းသမီး အဖြစ်သရုပ်ဆောင်မယ့် သက်မွန်မြင့်က အင်္ကျ ီအဝတ်အစားအတွက် ကြိုတင်ပြင်ဆင်ဖို့ ဆိုပြီး… ဒါရိုက်တာ လုပ်သူထံက ဇာတ်ညွှန်းတောင်းဖတ်သတဲ့…။ ဇတ်ညွှန်းထဲမှာပါလာတဲ့ ဆင်းန် […]


black chawJune 7, 20121min41127
အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုး… တဲ့။ တော်တော် ကျယ်ကျယ်ပျံ့ပျံ့ လေးလေးနက်နက် ကြီးကို စဉ်းစားလေ့လာတွက်ချက်ချိန်ဆ ပြီးမှ ဆုံးဖြတ်ရမယ့် ကိစ္စမျိုးကြီးတွေ ဖြစ်တယ် ဆိုတာ သတိပေးဆုံးမထားတဲ့ ဆုံးမစာကြီး ပါ ကျောင်းဒကာ…။ ဒါပေမယ့် ဒီဘက်ခေတ်မတော့ ဒီဆုံးမစာကြီးက နည်းနည်းခေတ်မမီတော့ဘူးလားလို့…။ ဘုရားတည်တာကတော့ သူကြီးတို့လို သူတော်ကောင်းကြီးတွေ အလုပ်ဆိုတော့ ကျွန်တော် နည်းနည်းမှ မကျွမ်းကျင်တဲ့ ဘာသာရပ် ဆိုတာ ရှက်ရှက်နဲ့ပဲ ဝန်ခံပါရစေ…။ ကဲ… သူကြီးရေ… ဘုရားတည်တဲ့ကိစ္စဟာ ချက်မပိုင်လျှင် ဘယ်လိုဘယ်ပုံ အခက်တွေ့တတ်တယ်ဆိုတာလေး ဝေမျှပေးပါဦး ဗျို့…။ ပြောသာပြောရတာ ဒီဘက်ခေတ်ကျတော့ ဘုရားလည်း ချက်မပိုင်ရင် ပြန်ပြင်တတ်ကြတယ်ဆိုလား … ။ ဆေးမင်ရည် စုတ်ထိုးတာကလည်း ပေါက်ဖေါ် […]