who whoNovember 1, 20111min594
အစည်းအဝေးခန်းမကြီးကတော့ ဟာဒယနှလုံးအိမ်တွင်းမှာ ကျင်းပပါ တယ်။ ကျနော် ခန်းမထဲသို့ ဝင်ဝင်ချင်း အားလုံးရဲ့ အနေအထားလေးကို အရင်လှမ်းပြီး အကဲခတ်လိုက်တယ်။ အင်း မဆိုးပါဘူး။ အရင် အလုပ်မရှိခင် ကနဲ့စာရင် ခုပုံစံလေးက တော်တော်ကို တည်တည်ငြိမ်ငြိမ်လေး ဖြစ်နေပါတယ်။ ဒါနဲ့ပဲ ကျနော့်ရဲ့ ခန္ဓာအိမ်ထဲက စိတ်ကလေးနဲ့ အလုပ်အကြောင်းလေး ဆွေးနွေးခြင်း စတင်လိုက်ပါတယ်။ ဆရာ– ကဲ စိတ်ကလေးရေ မင်းကြည့်ရတာတော့ တော်တော့ကို တည်တည် ငြိမ်ငြိမ်လေးဖြစ်နေပါပေါ့လား။ ကဲ ပြောပြစမ်းပါဦးကွာ။ မင်းရဲ့ အလုပ်အတွေ့ အကြုံလေးလည်းသိချင်ပါသေးရဲ့။ စိတ် – အရင်ဆုံးတော့ ကျနော့အနေနဲ့ ဆရာ့ကို ကျေးဇူးတင်ကြောင်းလေး အရင်ပြောပါရစေ။ ကျနော် အလုပ်စလုပ်ခါစတုန်းကတော့ ဆရာရယ်ဘာပြော ကောင်းမလဲ။ ငါးမိနစ်ဆိုတာတောင် ကျနော့မှာ ကမ္ဘာနှစ်ပတ်လောက် ပတ်ပြီး ပေါ့။ […]


who whoOctober 19, 20111min1002
စိတ်ကလေးကို မဂ္ဂင်အဖော်ရှာပေးဖို့က ကျနော့်မှာ တာဝန်တစ်ခုဖြစ်လို့လာပါပြီ။ ဒီမဂ္ဂင်တပ်သား ငါးယောက် စုဆောင်းမိပါမှ အာသဝ ရန်သူတွေလက်က လွတ်ဖို့ တိုက်နိုင်မှာမို့ အရေးကြီးဆုံးဖြစ်တဲ့ မဂ္ဂင်အဖော်တွေ အရင်စုဆောင်းရပါတော့မယ်။ ဒီတော့ စိတ်ကလေးကို သင်တန်းစပေးမှဖြစ်တော့မယ်။ ဒီတိုင်းထားလို့ကတော့ ကိလေသာစေတသိတ်တွေလက်ချက်နဲ့ပဲ ဒုက္ခပရချာ ဖြစ်နေပြီမို့ အမြန်ဆုံးကယ်တင်ကြဖို့ ခုပဲစလို့ သင်တန်းပေးရပါပြီ။ ဆင်းရဲသော စိတ်ကလေးဘဝမှသည် ချမ်းသာသော စိတ်သူဋ္ဌေးဖြစ်ဖို့ ချမ်းသာနည်းလေးတွေနဲ့သူ့ကို အလုပ်ပေးအပ်ရပါတော့မယ်။ ဒါကြောင့်ပဲ စိတ်ကလေးကို ခုလို ဆုံးမလို့ သင်တန်းစပေးနေရပါပြီ။ ကျနော်ကိုယ်တိုင် ဆရာလုပ်လို့ စိတ်ကလေးကို ခိုင်းရပေတော့မည်။ သင်ခန်းစာ-၁ -ချမ်းသာစေဖို့ အလုပ်ကြိုးစားလုပ်ကြပါစို့။ ဟေ့ စိတ်ကလေး…မင်းတို့ ချမ်းသာချင်တယ်ဆိုရင် အလုပ်ကြိုးစားမှဖြစ်မယ်နော်။ အဲဒီ မှာ ကြိုးစားရမယ့် အလုပ်ရယ်လို့ မယ်မယ်ရရ မရှိလို့ပဲ မင်းတို့(စိတ်) တွေဟာ တောင်ရောက် […]