etoneJuly 30, 20101min811
စိတ်ကောင်းမွေးပါလေ ဆိုတဲ့ခေါင်းစဉ်နဲ့စာရေးမယ်ဆိုတော့ ကိုယ့်ကိုကိုယ်လည်း ပြန်မေးကြည့်မိပါတယ်။ မင်းကိုယ်တိုင်ရော ကောင်းပြီလားလို့? အော်..ကျနော်လည်း ပုထုဇဉ်ထဲက ပုထုဇဉ် တစ်ယောက်ပဲလေ။ အလုံးစုံတော့မကောင်းနိုင်သေးပါဘူး။ ဒါပေမယ့်လည်း ကောင်းတဲ့စိတ်လေးတွေ အမြဲဖြစ်အောင်တော့ ကိုယ့်ကိုကိုယ် အမြဲဆုံးမနေရပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ဩဝါဒလေးကိုလည်း အမြဲနှလုံးသွင်းမိပါတယ်။ ဆရာတော်ကြီးကဆုံးမထားပါတယ်.. မိမိကိုယ်ကို အမြဲတမ်းပြုပြင်နေရမယ်။ ဘယ်အချိန်ထိအောင် ပြုပြင်ရမလဲ ဆိုလျှင် သေသည့်အချိန်ထိ ပြုပြင်ရမယ် တဲ့။ ကောင်းလိုက်တဲ့ ဆုံးမဩဝါဒလေးပါ။ တကယ်လည်း အမြဲတမ်းပြုပြင်နေရတာပါ။ ပါပသ္မိ ံ ရမတိ မနော- သတ္တဝါတို့၏ စိတ်သည် မကောင်းမှု၌သာ မွေ့လျော်တယ် တဲ့။ ဒါကတော့အထွေ အထူးကို ပြောစရာမလိုပါဘူး။ ကောင်းတာလုပ်မယ်ဆိုရင် အခြေအနေအချိန်အခါ ရွေးသလောက် မကောင်းတာလုပ်ဖို့ကတော့.. မလုပ်ရသေးဘူး စိတ်ကအရင်ရောက်နေပြီလေ..။ ဒီအချက်ကို စဉ်းစားကြည့်ရင်ကို ဘုရားရှင်ဟောပြဆုံးမခဲ့တာ လုံးဝကိုမှန်နေတာပါ။ ဟုတ်ပြီ.. […]