Diamond KeyMay 7, 20125min23315
        မန္တလေး အမရပူရမြို့နယ် အတွင်းက ရှေးဟောင်းသမိုင်းဝင် ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်ကြီးဆီကို ရောက်ဖူးအောင် သွားမယ် သွားမယ်နဲ့ မရောက်သေးတာ မန္တလေးကို ရောက်ကတည်းကပါ။ မနှစ်က ရောက်အောင်သွားမယ်ဆိုပြီး ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်နေ့ ရောက်သွားတော့ ဖွင့်ပွဲက မနေ့က ပြီးသွားပြီလို့ ဆိုပါတယ်။ ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်က နှစ်စဉ်နှစ်တိုင်း ကဆုန်လဆန်း ၁၄ ရက်နေ့ မှာ အခမ်းအနား လုပ်ပြီး ၁၄ ရက်နေ့ နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပပြုလုပ်တာပါ။         ဒါနဲ့ ဒီနှစ်တော့ ရောက်အောင်သွားမယ်ဆိုပြီး သွားဖြစ်ခဲ့ပါတယ်။ ဒီရွှေကြက်ယက် ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော် မှာ ထူးခြားတာက ဒေသခံရွာတွေက ရှေးမူမပျက် ဝင်းခင်းကာ စုပေါင်းလှည့်လည်ကြပြီး ရွှေကြက်ယက်ဆုတောင်းပြည့် […]


Diamond KeyMarch 12, 20124min29426
နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့ကနေ လပြည့်ကျော် ၉ ရက်နေ့ထိမှာတော့ မြန်မာနိုင်ငံရှိ ထင်ရှား ကျော်ကြားတဲ့ ဘုရားစေတီတော်များမှာ တစ်ဆူအဖြစ်အပါအဝင် ဖြစ်ကာ ကင်းဝန်မင်းကြီးရဲ့ စခန်းစဉ်လင်္ဏာမှာ “အရှေ့မှာရွှေစာရံ၊ ပုဂံ အနောက်၊ တောင်မြောက်ယင်မြော၊ သီဟတော” လို့ဖေါ်ပြထားခဲ့တဲ့ ကျော်လေးဆူ (ရွှေစာရံ၊ ရွှေစည်းခုံ၊ ရွှေယင်မျှော်၊ အညာသီဟတော) စာရင်းဝင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်က သမိုင်းဝင် သစ္စာဓိဌာန် ရွှေစာရံ စေတီတော်မြတ်ကြီးရဲ့ ဘုရားပွဲတော်ကြီးကို ချိန့်ချိန့်သဲသဲ စည်ကားစွာနဲ့ ကျင်းပပြုလုပ်ပါတယ်။ ရွှေစာရံ စေတီတော်မြတ်ကြီးကို သွားရောက်ဖုးမြှော်မယ်ဆိုရင် မန္တလေးကနေ  မန္တလေး – ပြင်ဦးလွင် နှင့် ရှမ်းပြည်မြောက်ပိုင်းသို့ သွားရာ ကားလမ်းမကြီးအတိုင်း ၁၃ မိုင်ရှိ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာဆီ၊ ထိုမှတစ်ဆင့် အုန်းချောလမ်းခွဲမှ ၃ မိုင် ၂ […]


Diamond KeyNovember 2, 20112min22418
ကျွန်တော်တို့ ရန်ကုန်ရုံးက မိတ်ဆွေ၊ သူငယ်ချင်းတွေက မန္တလေးရောက်လာရင် ပြင်ဦးလွင်ကို ရောက်အောင် သွားချင်တယ်လို့ အမြဲဆိုကြတယ်။ မန္တလေးက မိတ်ဆွေ၊ သူငယ်ချင်းတွေကတော့ အားလပ်ရက်လေးများရရင် ချောင်းသာကို သွားကြတယ်။ ကိုယ့်ဒေသမှာ အမြဲမတွေ့ရတဲ့ ပတ်ဝန်းကျင် အခြေအနေဆိုတော့ နှစ်သက် သဘောကျ သွားချင်ကြတယ်လေ။ ချောင်းသာရောက်တော့တွေရတဲ့ ရေပြင်ကျယ်ကြီးတွေ၊ ရေထဲမှာ ပျော်ပျော်ပါးပါး ရေကစားရတာတွေကို သိပ်နှစ်သက် သဘောကျတယ်။ ဒီလို ရေပြင်ကျယ်မှာ ပျော်ပျော်ပါးပါး ရေကစားရတာတွေကို သိပ်နှစ်သက်တဲ့ သူတွေအတွက် ချောင်းသာ၊ ငွေဆောင်၊ ကမ်းသာယာ၊ ငပလီ တစ်မဟုတ်မှာ အလှမ်းမမှီတော့ အာသီသ ဖြေစရာ သိပ်ပူတဲ့ မန္တလေး ဒေသက အိုအေစစ်လေးတစ်ခုဖြစ်တဲ့ နေရာလေးတစ်ခုဆီ သွားပျော်နေကြလေရဲ့။ အဲဒီနေရာလေးကတော့ မန္တလေး – ပြင်ဦးလွင် ကားလမ်း ၁၆ […]


Diamond KeyOctober 31, 20116min21625
စိန်သော့ ဒီရက်ပိုင်းမှာ အလုပ်ကိစ္စ၊ ကထိန်အလှုပွဲ ဖြစ်မြောက်ဖို့အတွက် စီစဉ်ရတာတွေနဲ့ ရွာထဲကို ပို့စ်ထမ်းမဝင်လာနိုင်ခဲ့ပါ။ ဒီနေ့နားရက်လေး ရတော့ဝါသနာ မဖျောက်နိုင်ပဲ သွားမယ်လို့ စိတ်ထဲမှာ စီစဉ်ထားပေမဲ့ မရောက်နိုင်သေးတဲ့ နေရာလေးဆီ ရောက်အောင် သွားဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ မန္တလေးနဲ့ ဘယ်လောက်မှ မဝေးတဲ့ နေရာလေးတစ်နေရာက သိပ်လှတဲ့ ၃ဆင့်ရေတံခွန် ရှိရာ နေရာလေးဆီကိုပါ။ မန္တလေးကနေဆိုရင် ၄၅ မိနစ်လောက်ခရီး၊ မန္တလေး – ပြင်ဦးလွင် ကားလမ်းကနေလာရင် ကျောက်မီးရွာ အလွန် အုန္နဲရေတောင်ကြောမှာ ရှိပါတယ်။ အေသုံးလုံး ဘိလပ်မြေစက်ရုံဘေးက အုန္နဲရေဘုန်းတော်ကြီးကျောင်း ရောက်ရင် ၃ ဆင့်ရေတံခွန် သွားတဲ့လမ်းလေး စတွေ့ရပါပြီ။ ဆိုင်ကယ်၊ ကားနဲ့ လာရင် ဘိလပ်မြေစက်ရုံဘေးက အုန္နဲရေဘုန်းတော်ကြီးကျောင်း ကနေ ၁၅ မိနစ်လောက်ဆက်မောင်းလို့ရတဲ့ ကားလမ်းရှိပြီး […]