Diamond KeyFebruary 27, 20121min14616
ဒီနေ့ ကိုပေါက်ရဲ့ “မန္တလေးက……………………ရှေးအမွေ (တစ်)” https://myanmargazette.net/103958/travel/local-guides လေးဖတ်ရတော့ မနေ့က Scan ဖတ်ခဲ့တဲ့ ကိုယ့်ရဲ့ပုံဟောင်းလေးတွေကို သတိရမိလိုက်တယ်။ ပစ္စည်းလေးတွေ ရှင်းရင်းနဲ့ ကိုယ်ငယ်ငယ်က ဖလင် ကင်မရာ စကိုင်နေတုန်း ရိုက်ဖြစ်ခဲ့တဲ့ ပုံဟောင်းလေးတွေ တွေ့ရတော့ မူရင်း ဖလင်လည်း မရှိနိုင်တော့တာနဲ့ ပုံဟောင်းနွမ်းလေးတွေကိုပဲ အမှတ်တရ အဖြစ်နဲ့ Scan ဖတ်ဖြစ်ခဲ့ပါတယ်။ ပုံလေး တစ်ပုံက ကိုပေါက် ဒီလိုရေးခဲ့တဲ့ စာသားလေး အတွက် တင်ပြလိုက်ပါတယ်။ ကိုပေါက်က … “ ကျနော်တို့ငယ်စဉ်ကတော့ ကျုံး က မြေသားဘောင်။ ကျုံးထဲမှာကြာပန်းရှိတယ်။ ရေမှော်ရှိတယ်။ ငါးပူတင်းဗိုက်ဖောင်းဖောင်းလေးတွေရှိတယ်။ ငါးဖောင်ရိုးလေးတွေလည်းတွေ့ရတယ်။” လို့ ရေးခဲ့တယ်လေ။ နောက်တစ်ပုံ အတွက် ကိုပေါက်ရေးခဲ့တာလေး ဆက်ဖေါ်ပြပါရစေ။ “ မြေဘောင်ကနေ ကျောက်စီဘောင် […]