Diamond KeyMarch 5, 20124min71
ဒီနေ့က အမေစု မန္တလေးရောက်နေပြီး နောက်တစ်နေ့ စစ်ကိုင်းမြို့ဆီ ခရီးဆက်မယ့်နေ့ပါ။ သတင်းနဲ့ မှတ်တမ်းရိုက်ကြမယ့် ကျွန်တော်တို့တွေက အမေစုနဲ့ တစ်ခါတည်း လိုက်ကြမယ့်သူတွေပါကြသလို စစ်ကိုင်းတံတားထိပ်ကနေ ကြိုစောင့်ကြမယ့် သူတွေထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအဝင်မို့ မနက် ၆ နာရီကတည်းက စစ်ကိုင်းတံတားထိပ်ဆီ ထွက်လာခဲ့ပါတယ်။ ကျွန်တော်တို့တွေ တံတားထိပ်ရောက်တော့စောနေသေးတာနဲ့ စစ်ကိုင်းမြို့ထဲဝင်ပြီး မနက်စာ စားလိုက်ကြသေးတယ်။ စစ်ကိုင်းမြို့ကတော့ မနက်ကတည်းကနေ တစ်မြို့လုံး အမေစု ကြိုဖို့ လှုတ်ရှားနေကြပါပြီ။ နေရာတိုင်းမှာ ခွတ်ဒေါင်းနဲ့ ကြယ်ဖြူ အလံ၊ တံဆိပ်၊ အကျီဝတ်ထားတဲ့ မြို့သူမြို့သားတွေ၊ ကားတွေ နဲ့ လှုတ်လှုတ်ရှားရှားပါ။ ဒီမိုကရေစီ သီချင်းသံတွေလည်း သောသောညံ နေပါတယ်။ ကျွန်တော်တို့ မြို့ထဲဝင် အလာမှာ အဝေးကနေ အလံတစ်လူလူ လွှင့်လာတဲ့ ဆိုင်ကယ်တွေကို  တွေ့ရလို့ […]