Diamond KeyApril 21, 20125min34423
                       သင်္ကြန်တွင်း ညောင်လေးပင်ဆီ သွားတဲ့ ခရီးမှာ ညောင်လေးပင်မြို့ရဲ့ အရှေ့ဖက် ၁၂ မိုင်လောက်က မဒေါက် ရွှေကျင်မြို့လေးနဲ့ လူသိများထင်ရှားတဲ့ ရွှေကျင်ဘုရားကြီးဆီကို ဘုရားဖူးရောက်ခဲ့ပါတယ်။ ရွှေကျင်မီးမျောပွဲလို့ တစ်နိုင်ငံလုံးမှာ လူသိများတဲ့ပွဲက ရွှေကျင်ဘုရားကြီးရှဲ့ဗုဒ္ဓပူဇာပွဲ ဖြစ်ပြီး နှစ်စဉ် သတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မှာ ကျင်းပပြုလုပ်ကာ အနယ်နယ် အရပ်ရပ်က ဘုရားဖူးလာတဲ့သူတွေ တကူးတက လာရောက်ကြတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ ရွာထဲမှာ ဘူရားသမိုင်းကို ပြောပြနိုင်အောင်လို့ ဘုရားကြီးပေါ်မှာ သမိုင်းမှတ်တမ်း ကျောက်စာရှာတာ မတွေ့တာနဲ့ ဘုရားဂေါပကကို သမိုင်းမှတ်တမ်းမေးကြည့်တော့ ဒီဘုရားကြီးမှာ အခုထိ သမိုင်းမှတ်တမ်း ပြုစုထားတာ မရှိသေးကြောင်း၊ အရပ်စကားများသာ သမိုင်းအဖြစ် ပြောဆိုနေတာပဲရှိပြီး သမိုင်းကို တင်ပြနိုင်ဖို့ မှတ်တမ်းပြုရန် ကြိုးစားနေကြကြောင်း၊ လောလောဆယ်မှာတော့ သမို်င်းမှတ်တမ်း […]


Diamond KeyApril 21, 20123min22416
             ညောင်လေးပင်မြို့လေးရဲ့ သင်္ကြန်ကာလ အတွင်းမှာ အမြဲတွေ့ရတတ်တာ တစ်ခုက စုပေါင်းရဟန်းခံ ရှင်ပြုပွဲလေးတွေပါ။ ရဟန်းလောင်း၊ မောင်ရှင်လေးတွေ အများကြီးနဲ့ မြို့ထဲကို လှည့်ပါတယ်။ မောင်ရှင်လောင်းလေးတွေအားလုံးက မြင်းကိုယ်စီနဲ့၊ ရှင်လောင်းလှည့်ရမှာပါတဲ့ သူတွေအားလုံးကတော့ ခြေလျှင်လျှောက်ပြီးတော့ပေါ့။ မြန်မာ့ရိုးရာမပျက် ရှင်လောင်းလှည့်ပွဲလေး တွေ့ရတော့ ပီတိဖြစ်ရပါတယ်။ ဒီမှာကျွန်တော်တွေ့ရတာက မောင်ရှင်လောင်း အပြင်အဆင် ထူးခြားမှုလေးတွေပါ။ မြန်မာ့နေရာ အနှံ့က ရှင်လောင်းလှည့်ပွဲလေးတွေကို တွေ့ဖူးတဲ့ ကျွန်တော်အတွက် တစ်နေရာနဲ့ မတူ တစ်နေရာမှာ တစ်ကြောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို မတူထူးခြားတာလေးတွေ တွေ့ဖူးပါတယ်။ တစ်ချို့မြို့ရွာတွေမှာက မောင်ရှင်လောင်းကို ဘုရင်တွေလို ဝတ်စားဆင်ယင်ကြသလို၊ တစ်ချို့နေရာတွေမှာတော့ နတ်သားလေးတွေလို ဝတ်စားဆင်ယင်တာ တွေ့ဖူးပါတယ်။ တစ်ချို့နေရာတွေမှာက မောင်ရှင်လောင်းတွေကို ကုန်းပိုးပြီး ရှင်လောင်းလှည့်ကြသလို တစ်ချို့နေရာတွေမှာက စက်ဘီးနဲ့၊ […]


Diamond KeyApril 20, 20121min18511
ညောင်လေးပင်မြို့လေးရဲ့ သင်္ကြန်ကတော့ တစ်မြို့လုံးမှာ ရန်ကုန်မန္တလေးကားလမ်းပေါ်က ဗဟိုမဏ္ဍပ်လေးတစ်ခုရယ်၊ လေးတိုင်စင်လေးနဲ့ ရေတိုင်ကီလေးတွေ တင်ပက်တဲ့ မဏ္ဍလေးတွေ တစ်ခုနှစ်ခုရယ်၊ ရပ်ကွက်လေးတွေထဲက ကိုယ့်အိမ်လေးတွေရှေ့မှာ အုန်းလက်လေးတွေနဲ့ထိုးထားတဲ့ ရေကစားမဏ္ဍပ်တွေရယ်ပဲ ရှိတာမို့ အေးအေးဆေးဆေး ရေကစားကြတာ တွေ့ရပါတယ်။ မြန်မာ့အတာသင်္ကြန်မှာ ရေကစားနေကြတာလေးတွေ ရွာထဲပြချင်တဲ့ ကျွန်တော်က အိမ်ရှေ့မှာ ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ရေကစားနေကြတာကို မှတ်တမ်းလေး ရိုက်ထားလိုက်ပါတယ်။ စက်ဘီးလေးတွေနဲ့ ရေပက်ခံ ထွက်ကြတယ်။ တစ်ချို့ကတော့ မြို့ကြီးတွေမှာ မော်တော်ယာဉ်တွေနဲ့ ရေပက်ခံ ထွက်တာကို အားကျမခံ ကိုယ့်ရွှာက ဒေသအမြန်ယာဉ်နဲ့ မြို့ပေါ်ကို ရေပက်ခံ ထွက်လာကြတာတွေလည်း တွေ့ခဲ့ရပါတယ်။ စိန်သော့  


Diamond KeyApril 20, 20121min1187
                  ဒီနှစ် ခါသင်္ကြန်ကာလ ရုံးပိတ်ရက်ကလေးတခဏမှာ ညောင်လေးပင်မြို့လေးဆီ ခရီးထွက်ဖြစ်ပါတယ်။ ညောင်လေးပင်မြို့လေးက ရန်ကုန်ကနေလာရင် ၉၈ မိုင်ဆိုရောက်ပါတယ်။ ကားလမ်း၊ ရထားလမ်း ရှိတဲ့ မြို့လေးဖြစ်ပြီး ရွှေကျင်တို့၊ မဒေါက်တို့ရဲ့ လမ်းဆုံမြို့လည်း ဖြစ်ပါတယ်။ အရင်ကတော့ ရန်ကုန်-မန္တလေးကားလမ်း ပေါ်ကမြို့မို့ အဝေးပြေး Express ကားကြီးတွေ ပေါပေမယ့် အခုနောက်ပိုင်း အမြန်လမ်းမကြီး ပေါ်လာတော့ Express ကားကြီးတွေက အချိန်တို လမ်းကောင်းတဲ့ အမြန်လမ်းမကြီးပေါ်ကနေပဲ မောင်းကြတော့တာမို့ ရန်ကုန်-မန္တလေးကို လမ်းဟောင်းကနေ သွားတဲ့ကားက နည်းသွားပြီး နှစ်စီး သုံးစီး လောက်သာ ရှိပါတော့တယ်။ ကျွန်တော်က မန္တလေးကလာရတာကတစ်ကြောင်း၊ သင်္ကြန်ရုံးပိတ်ရက်မှ ခရီးစထွက်နိုင်တော့ သင်္ကြန်မှာ ကားလက်မှတ် ဝယ်ရတာ ခက်တဲ့ ထုံးစံအတိုင်း တစ်ပတ်လောက် ကြိုဝယ်တော့လည်း လမ်းဟောင်းက […]