ကို သာSeptember 18, 20121min1173
ကျွန်တော်သည် အင်းစိန်မြို့နယ်တွင် နေထိုင်ပါသည်။ ယခင်က အင်းစိန်သည် မြို့တော်မဟာရန်ကုန်၏ အစွန်ကျသော မြို့နယ်တစ်ခုဖြစ်ပါသည်။ ယခုအချိန်တွင်မူ လှိုင်သာယာ၊ ရွှေပြည်သာ စသောမြို့သစ်များ၏ ဖွံ့ဖြိုးလာမှု လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေလင်ပန်း၊ သာဓုကန်စက်မှုဇုန်များ၏ ဖွံ့ဖြိုးလာမှု၊ ဧရာဝတီတိုင်းဒေသကြီး၏ ရန်ကုန်သို့ဝင်ပေါက်ကြီးအဖြစ် ဝင်ထွက်မှု များပြားလာခြင်းကြောင့် မြို့တွင်းမြို့နယ်တစ်ခု ဖြစ်လာပါသည်။ အင်းစိန်ကိုဖြတ်၍ မြို့တွင်းသို့သွားသော အဓိကလမ်းမကြီး (၄)ခုရှိပါသည်။ ပြည်လမ်း၊ အင်းစိန်လမ်း၊ ဘုရင့်နောင်လမ်း၊ ဗဟိုလမ်းတို့ဖြစ်ပါသည်။ ယင်းတို့အနက် ဘုရင့်နောင်လမ်းမကြီးမှာ အသွားအလာအများဆုံးဟု ဆိုနိုင်ပါသည်။ အမှန်တစ်ကယ်မှာ ဘုရင့်နောင်လမ်းမသည် များစွာမရှည်လျားပါ။ ကမာရွတ်ဆင်မလိုက်လမ်းဆုံမှ အင်းစိန်ရွာမ ပြည်တော်သာအထိသာ ရှည်ပါသည်။ သို့သော်မော်တော်ယာဉ်စက်ပစ္စည်း အပိုမျိုးစုံ စုံလင်လှသော ဘုရင့်နောင်ဈေး၊ ပြည်မာပြည်အနှံ့ ကုန်စည်ဖြန့်ဝေ ဝင်ထွက်ရာ ဘုရင့်နောင် ပွဲရုံတန်းများ၊ ကုန်စိမ်းသီးနှံဖြန့်ဝေရာ သီရိမင်္ဂလာဈေးသစ်ကြီးတို့ တည်ရှိနေသဖြင့် […]