ကထူးဆန္းApril 2, 20121min23522
ကထူးဆန်း လမ်းမဘက်ထွက်လာသည် ။ ဪ မနေ့ ကနဲ့ ဒီနေ့ မတူတော့ပါလားနော်ဟု။ မနေ့ က စီဂျေ ကထူးဆန်း။ ဒီနေ့ တပ်စရာ နာမဝိသေသ မရှိတော့ ။ ကထူးဆန်း သည် ကထူးဆန်းပြန်ဖြစ်သွားသည် ။ ဒါကိုတော့ စိတ်ထဲမကျေနပ်။ ညကလည်း ဒါနဲ့ ပါတ်သက်ပြီး မဒမ်ထူးဆန်းနှင့် စကား အခြေအတင်ပြောဖြစ်သည်။ မဒမ်ထူးဆန်း နောက်ဆုံးပြောလိုက်သော စကားက သူ့ မာနကိုတော်တော် ထိသွားသည်။ သို့သော် သူ့မှာ ပြန်ချေပရန်မရှိ။ ဟင် ပြောမရဆိုမရ ဝင်ချင်တော့လည်း ရှင်။ထွက်မယ်ကွ ထွက်ရမယ်ဆိုပြီး ထွက်တော့လည်းရှင်။ ရှင်သေရင် ကျွန်မသေရင် သတင်းစာထဲ နံမည်နဲ့ အသက် အပြင်ထည့်စရာဘာမှ မရှိတော့ဘူး။ ဟင့် သေရင် စီဂျေ ကတော်ဆိုပြီး […]


ကထူးဆန္းApril 1, 20121min33628
စီဂျေကြီး ကိုထူးဆန်း စီဂျေ မှ နုတ်ထွက်တော့မည် ဆိုသော သတင်းသည် စီဂျေကြီးနေထိုင်ရာ မရမ်းကုန်းရပ်ကွက် အတွင်း တောမီး အလား အလျှင်အမြန် ပြန့်နှံ့သွားသည်။ ရပ်ကွက်အတွင်း တီးတိုး တီးတိုး ဆိုကုန်ကြသည်။ ဒီမိုကရေစီ စံနစ်ကြီးထဲ ဘာကြောက်ရမှာလဲ၊ ကိုယ့်အတွေးအမြင် ကိုယ်ထင်ရာ လွတ်လပ်စွာ ပြောဆိုနိုင်တာဘဲဟု ဟစ်အော်နေကြဖြစ်သော စီဂျေ အိမ်ဘေးမှ ကိုသော်တာ တောင် ကျယ်ကျယ် မပြောရဲသေး။ မတော်လို့ ဒီသတင်း မဟုတ်ခဲ့လျှင် စီဂျေကြီး သူ့ သတင်းထဲမှာ သူ့ကို တဘက်သတ် ထည့်ရေးလိုက်လျှင် အတော် လိုက်ရှင်းနေရဦးမည်။ ရပ်ကွက် ကထိန်တုန်းက သီချင်းဆိုတဲ့ ကောင်မလေးတွေ သူဆုတော်ငွေတက်ချထားတာကို သူနဲ့ကောင်မလေးနှစ်ယောက်ထဲ ပါသည့် ပုံဖြတ်ပြီး ဘာ ဘာ ညာ ညာ […]