Ma EiFebruary 17, 20151min24622
ဦးလေး စီးကရက်တွေ သောက်နေပြန်ပြီလား၊ မသောက်တော့ဘူးဆို… ရုံးက pantry ထဲ ထမင်းစားဘို့ ဝင်လာတဲ့ ကျမ စီးကရက်နံ့ထောင်းထောင်းထအောင် သောက်နေတဲ့ ဦးလေးကိုတွေ့လိုက်ရတာမို့ မနေနိုင်ပြောလိုက်မိပြန်ပါပြီ။ ဦးလေးကလဲ ထုံးစံအတိုင်း… အေးပါဟာ ခုလေးမှပါ ခဏဘဲရှိပါသေးတယ်… အငွေ့တွေ ရှိုက်မသွင်းပါဘူး ခဏငုံထားပြီးထုတ်လိုက်တာပါ… အာသာပြေပေါ့ .. ပြီးရင် နင်ဘာဟင်းချက်လဲ ငါတော့ ဝက်ကလီစာ ချက်လာတာ.. အမနေကောင်းလား ကို…ကော နေကောင်းလား စသည်ဖြင့် စကားလွှဲတွေ ဒလစပ်ပြောရင်း စီးကရက် ကို်ကုန်အောင် ဖွာပါတော့တယ်။ ဦးလေးဆိုတာ   ကျမတို့ ငယ်ငယ်တုံးက ဘေးအိမ်က သူ့အမအိမ်ကိုလာရင်း ကျမတို့ ရဲ့ ဦးလေးလိုခင်ခဲ့ရသူ ကျမအိမ်ထောင်ကျတော့လဲ အမျိုးသားနဲ့က သူငယ်ချင်းဖြစ်ခဲ့ဖူးသူပါ.. ခုတော့ ကျမ အလုပ်လုပ်တဲ့ Company group က […]