fattyDecember 8, 20101min390
စီးပွါးရေးရာတွင် အသိဉာဏ်အရေးကြီးကြောင်း ဆိုခဲ့ပြီးပါပြီ။ ထိုသီု့ အရေးပါလာသည်နှင့်အမျှ အသိဉာဏ်ပညာဆိုင်ရာ မူပိုင်ခွင့် ပြဿနာကလည်းဒွန်တွဲပါလာသည်။ ဓနကိုတိုးပွါးစေသော အဓိကအင်အားမှာ အသိဉာဏ်ပင်ဖြစ်တော့သည်။ သို့ကြောင့် အသိဉာဏ်ပညာကိုအခြေခံသော စီးပွါးရေးအဆောက်အအုံ အသွင်သို့ မြန်မြန်ဆန်ဆန်ကူးပြောင်း န်ုင်ဖို့ အရေးကြီးသည်။ ဒီမှာက .. လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အခုထိကူးပြောင်းလို့ မပြီးသေး ..။ မဆလ တခေတ်လုံး ကူးပြောင်းနေ၏။ နအဖ တခေတ်လုံးလည်း ကူးပြောင်းနေ၏ ..။ ကူးပြောင်းဆဲကာလ (သို့) အသွင်ကူးပြောင်းဆဲ ကာလမှာ တသက်လုံးဟုပြောရမလိုဖြစ်နေသည်။ နောက်ဆုံး အချိန်အတော်ကြာ ကူးပြောင်းပြီးသော်…. ထရော်လာဂျီများသာထွက်လာသည်။ ခေတ်မှီသော လယ်ထွန်စက်ကြီးမျာ … သူများနိုင်ငံတွင် ကိုယ်တိုင်မောင်းရန် မောင်းသူမလို။ computer ထဲတွင် အလျှားအနံ အနက်မည်မျှလိုချင်သည် မည်မျှ ယာမြေကိုညက်လိုသည် တို့ကို ရိုက်ထဲ့ပြီးသည်နှင့် […]