lu ta loneJune 7, 20101min803
စွန့်ပစ်ပစ္စည်းများမှ လူသုံးကုန်အဖြစ် ပြောင်းလဲထုတ်လုပ်သည့် လုပ်ငန်းစဉ်တရပ်ကို မဲဆောက်ရှိ မြန်မာရွှေ့ပြောင်း အထက်တန်းကျောင်း (SAW) တွင် အကောင်ထည်ဖော် လုပ်ကိုင်လျက်ရှိသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရခြင်း၏ တန်ဖိုးကို သိရှိနိုင်ရန်ရည်ရွယ်၍ အလဟဿဖြစ်မည့် စွန့်ပစ်ပစ္စည်းများမှ လူ့အသုံးချပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်း လုပ်ငန်းကို ကျောင်းသားလူငယ်များအား သင်ကြားပေးခြင်းဖြစ်ကြောင်း SAW ကျောင်းမှ ဆရာဦးထိန်ဝင်းက ပြောသည်။ ၎င်းက “ဒီစွန့်ပစ်ပစ္စည်းတွေ မြေကြီးထဲရောက်သွားရင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေပဲဖြစ်မယ်၊ ဒါကြောင့် ဒီပစ္စည်းတွေကို အသုံးပြုပြီး ကလေးတွေအနေနဲ့ အနုပညာလေးတွေ ဖန်တီးစေချင်တယ်။ လူတွေအသုံးပြုလို့ရတဲ့ ပစ္စည်းတွေလည်း ဖန်တီးစေချင်တယ်။ အနုပညာနဲ့အလုပ်အကိုင်တခုခုကို တီထွင်စေလိုတဲ့အတွက် ဒီလုပ်ငန်းစဉ်ကို ပြုလုပ်ရတာဖြစ်တယ်။ ဒါတွေကိုလုပ်ကိုင်ရင်းနဲ့ ကလေးတွေဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အဆိုးအကောင်းကို ခွဲခြားသိမြင်လာမှာဖြစ်တယ်” ဟု ပြောသည်။ သဘာဝပတ်ဝန်းကျင် တနေ့တခြား ယိုယွင်းပျက်စီးလာမှုများကြောင့် […]