နွေဦးFebruary 29, 20121min23811
ပြည်သူ့လွှတ်တော်ဥက္ကဌ မိန့်ခွန်း ဆင်ဆာထိ ပြည်သူ့လွှတ်တော် ဥက္ကဌ သူ့ရဦးရွှေမန်းရဲ့ မိန့်ခွန်းကိုပင် မူရင်းအတိုင်း လူထုကို တင်ပြခွင့်မရဘဲ ပြန်ကြားရေး ဝန်ကြီးဌာနက ဆင်ဆာဖြတ်တယ်လို့ ဦးရွှေမန်းက သတင်းထောက်တွေကို ပြောပါတယ်။ လွှတ်တော်မှာ မိန့်ခွန်းပြောတုန်းက ပြည်သူအတွက် ရဲရဲဝံ့ဝံ့သတ္တိရှိရှိလုပ်ကြဖို့ လွှတ်တော်အမတ်တွေကို ပြောပေမယ့် သတ္တိရှိရှိဆိုတာကို သတင်းစာနဲ့ ရုပ်မြင်သံကြားတို့မှာ ချန်ထားခံရတယ်လို့ ဥပမာပေးပြီး သတင်းထောက်တွေကို ဦးရွှေမန်းက ပြောသွားတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အခြေခံဥပဒေနဲ့ရော လွတ်လပ်စွာပြောဆိုခွင့်နဲ့ပါ ဆန့်ကျင်ရာ မရောက်ဘူးလားလို့ အဲဒီအခမ်းအနားကိုတက်တဲ့ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာခုျပ် ဦးဖေမြင့်ကမေးရာမှာ သူပြောတဲ့အတိုင်းဖြစ်လို့ သတင်းထောက်တွေ စဉ်းစားယူနိုင်မယ်လို့ထင်ကြောင်း သူရဦးရွှေမန်းကဖြေပါတယ်။ လက်ရှိစာနယ်ဇင်း လွတ်လပ်ခွင့်ပိုပေးဖို့ တောင်းဆိုမှုတွေအတွက်တော့ အခုလုပ်ရပ်ကြောင့် မျှော်လင့်ချက် အလှမ်းဝေး သွားနိုင်တယ်လို့ ဦးဖေမြင့်ကပြောပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရက စာနယ်ဇင်းလွတ်လပ်ခွင့်ကို အတိုင်းအတာတခုအထိပေးပြီး […]