Yan ShinJune 11, 20111min32611
၁။ ဖြစ် စင် ခေတ်မှီတိုးတက်ဖွံဖြိုးသော နိုင်ငံတော်သစ်ကြီးတည်ဆောက်မဲ့ နိုင်ငံတော်အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်အတွင်း ဆင်ရဲမွဲတေမှု့ လျှော့ချရေးစီမံချက်စတင်အကောင်အထည်ဖေါ်နေပါပြီ။ စီမံချက်ထိရောက်ပုံကလည်း အံ့ဩဘနန်း ထိပဲထိရောက်မြန်ဆန်လွန်းပါတယ်။ ခုပဲရန်ကုန်မြို့တွင်းမှာ ကြည့်လေ ဆင်းရဲသားတွေ တော်တော်နဲသွားတာပဲ။ လမ်းဘေးဈေးသည်တွေ တော်တော်ပါးသွားပြီ၊ တစ်ချို့နေရာတွေဆို လမ်းဘေးဈေးသည်တွေ လုံးဝကို မတွေ့ရတော့ဘူး။ သေခြာမေးမြန်းကြည့်တော့မှ ဘယ်ရှိတော့ပါ့မလဲ ဆင်းရဲသားတွေ လမ်းဘေးဈေးသည်တွေကို ဖမ်းပြီးထောင်ထဲသွားထည့်ထားတာကိုး…………. ဪ…… ဆင်းရဲသားပပြောက်အောင် ဆင်းရဲသားတွေကို ဖမ်းပြီးထောင်ထဲထည့်ထားတာကိုး….. (ခက်နေတာတစ်ခုက ကျွန်တော် ဆူးလေလမ်းကနေ ပန်းဆိုးတန်းဆိပ်ကမ်းကို သွးတော့ ရဲစခန်းပါတ်ဝန်းကျင်မှာ ကျူးကျော် လဘက်ရည်ဆိုင် မုန်းဟင်းခါး အသုပ်ဆိုင်တွေ တွေ့နေရသေးတယ်။ သတင်းပေးမယ့်သူ မရှိလို့ဖြစ်မယ်။ ဝေးတယ်လေ။) ၂။ ဖြစ် စင် လဘက်ရည်ဆိုင် NGO အသိုင်းအဝိုင်းစားပွဲဝိုင်းနားမှာ ထိုင်နေမိတုန်း သူတို့ဆွေးနွေးနေသံကြားမိပါတယ်။ တစ်ယောက်သောသူက သူသွားခဲ့တဲ့ […]