Khaing KhaingJune 12, 20121min34427
ရန်ကုန်မြို့ တော်တော်များ ရပ်ကွက်တွေ လမ်းမတွေကို ကွန်ကရစ်လမ်းတွေခင်း ပြီးသကာလ ….. စိတ်ညစ်စရာတွေက တစ်နည်းတစ်ဖုံထပ်ကြုံခဲ့ရပြန်ပါတယ် ……… လမ်းကြားတွေ လမ်းမပေါ်တွေ မှာ ကလေးမဟုတ် သူငယ်မဟုတ် အသက်ကြီးသူတွေက ဘောလုံးကန်နေကြတာလေးတွေပါ …… ညနေရုံးဆင်းချိန် လူသွားလူလာများချိန်တွေ ရာသီဥတုသာယာချိန်တွေဆို ဘောလုံးထွက်ကန်ကြတယ် အသက် ၁၆ နှစ်မပြည့်သေးတဲ့ကလေးတွေ ကစားစရာနေရာမရှိလို့ လမ်းတွေပေါ်တက်ကန်တယ်ဆိုတာ မြင်ကောင်းသေးပါတယ် … အခုဟာက လူပျိုပေါက်တွေ အသက် ၃ဝ နီးပါလူတွေ ကန်ရင်လည်း အားနဲ့မာန်နဲ့ လမ်းပဲသွားရမလား သူတို့ဘောလုံး ဂိုးအောင်ပဲ စောင့်ရမလား ထိုင်အားပေးရမလား …… စိတ်တွေက ဇဝေဇဝါဖြစ် အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ် .. လမ်းသွားလမ်းလာတွေကို အနှောက်အယှက်ဖြစ်သလို ကားတွေကိုလည်း အနှောင့်အယှက်ဖြစ်ပါတယ် ဘောလုံးတွေက ကားအောက်တွေဝင် ကားသမားတွေက ဘောလုံးကန်သူများကြောင့် ရှိန်လျော့ရ […]