fattyNovember 17, 20101min916
ယခုစာရိုက်နေချိန် ၃ နာရီတိတိမှာ ရန်ကုန်မြိူ့၏ လပ်ကီး ဆဲဗင်း လဘက်ရည်ဆိုင်တဆိုင်တွင် လူတစုဆွေးနွေးညှိနှိုင်းနေကြသည်။အကြောင်းအရာမှာ .. ဆည်မြောင်းဌာနမှ AE တဦးက သိန်းပေါင်းများစွာ ငွေတိုးယူပြီး ဆည်မြောင်းဌာနမှကံထရိုက်လုပ်ငန်းများကိုလုပ်ကိုင်ပြီးညွှန်ချုပ်အားလည်းအိမ်တလုံးဆောက်ပေးရကြောင်းသိရသည်။ အိမ်အတွက်သိန်း ၄၅ဝ ဝင်နေပြီဖြစ်သည်။ ပြဿနာမှာ ဆည်မြောင်းဌာနမှ project များရပ်နားလိုက်ပြီး ထို AE မှာလည်း အတိုးအရင်းများမပေးနိုင်တော့သဖြင့် ငွေရှင်များကိုခေါ်ပြီးသူ့အိမ်ကိုရောင်းပြီးဆပ်မည့်အကြောင်းရှင်းလင်းပွဲဖြစ်သည်။ အချို့ဆိုလျှင်ထွက်ပြေးကြပြီ။ အများသိပြီးသတိပြုနိုင်ကြရန်တင်ပြရပေသည်။