weiweiJuly 31, 20121min26522
အခုတလော ရာသီဥတုက မိုးအေးအေးလေးမို့ ဟင်းရည်ပူပူလေး သောက်ရတာ ခံတွင်းတွေ့တဲ့ ရာသီဖြစ်ပါတယ်။ ဈေးထဲမှာလဲ ငါးတွေ ပေါနေချိန်မို့ ငါးဆန်လှော်ဟင်း ချက်သောက်ရတာ အဆင်ပြေလို့ ကျွန်မ ချက်စားဖြစ်တဲ့ ငါးခူ ဆန်လှော်ဟင်းကို ချက်ပြလိုက်တယ်နော် … ဆန်လှော်ဟင်းချက်ဖို့ ဆန်ကို ကိုယ်တိုင်လှော်ပြီး မညက်တညက်ကြိတ်ပါတယ်။ အရသာပိုကောင်းစေဖို့အတွက် ကျွန်မကတော့ ရှမ်းဆန်ကိုသုံးလိုက်တယ်။ ရှမ်းဆန် နို့ဆီဗူးတစ်ဝက်ခန့်ကို အရောင်ရဲလာသည်အထိ မီးအေးအေးနဲ့ စိတ်ရှည်ရှည်လှော်ပါတယ်။ ပြီးနောက် အမှုန့်ကြိတ်စက် သို့မဟုတ် ငရုတ်ဆုံထဲထည့်ပြီး ထောင်းရပါမယ်။ ရေနွေးပွက်ပွက်ဆူအောင် တည်ထားတဲ့အိုးထဲကို ဆန်ထောင်းပြီးသားထည့်ပြီး ပြုတ်ပါတယ်။ အဲဒီအချိန်မှာ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူကို ထောင်းတယ်။ ငါးခူအကောင်သေးသေး ၁၅ ကျပ်သားလောက်ကို သေချာသန့်ရှင်းအောင် ဆေးကြောပြီး ဆား ဆနွင်းနဲ့ ငံပြာရည်အနဲငယ်တို့ဖြင့် နယ်ထားပါမယ်။ စပါးလင်း […]