ဖြောက် …. ဖောက် ….. ဖြောက် … ဖြောက် အင့်….ကနဲ တချက်လူးလွန့်ရင်း ကိုရင်အောင်ဆိုးတယောက် ပုဆိုးခြုံအတွင်းမှ ကွေးထားသော ဒူးနှစ်လုံးကြား အနွေးဓာတ်အလို့ငှာ ယှက်သွားထားသည့် လက်အစုံကို အသာဆန့်ထုတ်၍ နှံဘေးနားက မျက်မှန်ကို တပ်လိုက်သည်။ဝေလီဝေလင်း အချိန်မို့ထင် ရွာထိပ်မီးကင်းတဲလေး၏ တံစက်မြိတ်မှ နှင်းရည်တို့ တဖောက်ဖောက် ကျနေသည်မှာ စည်းချက်ညီညီ။ နွေဦးနံနက်ခင်းတွင် ကိုရင်အောင်ဆိုး တယောက် အဝေးမှ ပြန့်လွင့်လာသော ကြီးဒေါ်အေး အိမ်မှ ကြေးစည်သံသဲ့သဲ့ကို ခေတ္တမျှ အာရုံစိုက်လိုက်ရင်း ပါးစပ်မှလဲ ခပ်ဖွဖွ သာဓု၂ကြိမ်ခန့် လိုက်ခေါ်မိသည်။ လေနုအေးနှင့်အတူ ထင်းမီးခိုးနံ့သင်းသင်းကို ရှူရှိုက်လိုက်ရင်း ဒါဆို ရွာလည်နား သူကြီးအိမ်တောင်ဘက်က အမေပု၏ မုန့်ပျားသလက်ဆိုင်လေး ဖွင့်ပီဖြစ်ကြောင်း အတပ်သိလိုက်ပေသည်။ ကိုအောင်ဆိုးတယောက် ခပ်သွက်သွက်ထရင်း မီးညှောင့်ရိုးဘက် လည်နေသော ခါးပုံစကို ရှေ့သို့ဆွဲယူ လုံချည်ကို ထိုင်လျှက်ပြန်ဝတ်ပီးနောက် မီးကင်တဲလေး၏ ထုတ်တန်းနှင့် ခေါင်းမတိုက်မိစေရန် သတိကြီးစွာထားက မတ်တပ်ရပ်လိုက်သည်။ ရောင်နီစနှင့်အတူ နေခြည်ကဝင့်စွာ ထိုးနေပီမို့ အရင်လို မီးကင်းအောက်ဆင်း တိုင်ဘေးနားကပ်ကာ […]