TTNUOctober 26, 20111min31326
Best Teacher (18)   ဝ ထ က လ သ   ကျမတို့ သူငယ်ချင်း သုံးယောက် ကျောက်ဆည်မြို ့နယ် မယ်ဇယ်ပင် ရွာမှာတာဝန်ကျပါတယ်။ ရောက်ရောက်ချင်း တည်းခိုရမဲ့အိမ်မှာ ပစ္စည်းတွေ ချပေးပြီးနားခိုင်းပါတယ်။ ရွာထဲက အပျို ကြီးတစ်ယောက်အိမ်မှာ တည်းဖို့ စီစဉ်ပေးထားကြတာပါ။ ရေမိုးချိုး ပြီး ရွာလူကြီးများနဲ့တွေဆုံ ဆွေးနွေးကြမယ် ပြောပါတယ်။   ရေ ဘယ်လိုချိုးရမှာပါလိမ့် တွေးနေတုန်း ရွာအပျို မလေးနှစ်ယောက် ငှက်ပျောတုံးတွေနဲ့ ရောက်လာပါတယ်။ တမုတ်မြောင်းထဲမှာချိုးရမယ်။ ရေမနစ်အောင် ငှက်ပျောတုံးတွယ်ထား ရမယ်။ ရေစီးအောက်ဖက်မှာ သူတို့ ကာကွယ်ရပ်ထားပေးတယ်။ ကျမတို့ သုံးယောက်လုံး တက္ကသိုလ်ရေကူးကန် ထဲက ရေသူရဲတွေဖြစ်ကြသမို့  ဘာကြာသလဲမမေးနဲ့။ မြောင်းထဲမှာ ရေချိုးလို့ ကောင်းမှ ကောင်း။ […]