စဆရ ႀကီးOctober 2, 20111min1291
တို့တိုင်းပြည် ထလော့မြန်မာ အိုမြန်မာတို့ တို့ရွာတို့မြေ တို့ရွာမြေဝယ် စေတီစပါး များလည်းများ၏ များပါလေလည်း တမွဲမွဲနှင့် ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက် မစားလေရ ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။ ထလော့မြန်မာ အိုမြန်မာတို့ တို့ရွာတို့မြေ တို့ရွာမြေဝယ် ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့် သီးနှံချိုပျား များလည်းများ၏ များပါလေလည်း တမွဲမွဲနှင့် ဆင်းရဲကာသာ ကာလကြာလျှင် မြင်သာမြင်ရ မစားရ၍ တောက ပြိတ္တာဖြစ်မည်တည်း။ ထလော့မြန်မာ မြန်မာထလော့ အားမပျော့နှင့် မလျှော့လုံ့လ သူကစ၍ ငါကအားလုံး လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့် စွမ်းဆောင်ကြလေ ဆောင်ကြလေလော့ ဤမြေဤရွာ ဘယ်သူ့ရွာလဲ ဤယာစပါး ဘယ်သူ့စပါးလဲ ထားလော့တာဝန် ပွန်လော့လုပ်ငန်း ဉာဏ်ရှေ့ပန်း၍ တဝမ်းတစိတ် ညီစေသတည်း။ […]