ဂ်စ္စူOctober 16, 20101min470
ဆိုမာလီပင်လယ်ဓားပြများသည် အိန္ဒိယသမုဒ္ဒရာအတွင်းမှ တရုတ်(တိုင်ပေ)သင်္ဘောတစ်စင်းကို အပိုင်စီးသိမ်းပိုက်လိုက်ကြောင်း သိရသည်။ ထိုသင်္ဘောမှာ ငါးဖမ်းသင်္ဘောအမျိုးအစားဖြစ်ပြီး သင်္ဘောသား ၁၄ ဦး ပါဝင်သည်။  International Maritime အဖွဲ့အစည်းတစ်ခုဖြစ်သော Mauritius ရှိရာ အနီး အိန္ဒိယ သမုဒ္ဒရာအတွင်းတွင် ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်။ ကင်ညာနိုင်ငံအခြေစိုက် အီကိုတာရာ နိုင်ငံတကာကုမ္ပဏီမှ ၎င်းတို့သည် အဖမ်းခံရသောသင်္ဘောနှင့် ဆက် သွယ်မှု ပြတ်တောက်သွားသည်မှာ အောက်တိုဘာ ၄ ရက်ကတည်းကဖြစ်သဖြင့် ထိုနေ့ကတည်းက တရုတ်(တိုင်ပေ)သင်္ဘောမှာ ဓားပြများလက်ဝယ် ရောက်သွား သည်ဟု ထင်ရကြောင်း ပြောကြားခဲ့သည်။ သင်္ဘောသားများအား ဓားပြများက ပြန်ရွေးရန်မပြောမီတွင် ထိုသင်္ဘောကို နောက်ထပ်သင်္ဘောများ ဓားပြတိုက်ရာတွင် အသုံးပြုလိမ့်မည်ဟု Mauritius မှ ပြောကြားသည်။ ထို့ကြောင့် အီကိုတာရာမှလည်း အဖြူရောင် ငါးဖမ်းသင်္ဘောတစ်စင်းကို မသင်္ကာဖွယ်နေရာတွင်တွေ့ပါက သတိပြုနိုင်ရန် ပြောကြားထားသည်။ […]