manawphyulayJuly 15, 20101min550
ကမာ္ဘတစ်ဝှမ်း လူတွေ သေဆုံးရခြင်း၏ အဓိက အကြောင်းများထဲတွင် ဆေးလိပ်သောက်ခြင်းဟာ တစ်ခု အပါအဝင် ဖြစ်ပါတယ်.. အမေရိကတွင် နေ့စဉ် ပျမ်းမျှ လူ ၁,၀၀ဝ ခန့် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးနေပြီး၊ သေဆုံးသူ ၆ ဦးတွင်၁ ဦး မှာ ဆေးလိပ်ကြောင့် ဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟု ဆိုရာတွင် စီးကရက်၊ ဆေးတံ၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်စတဲ့ ဆေးရွက်ကြီးကို နည်းအမျိုးမျိုးဖြင့် ရှူရှိုက်သောက်သုံးခြင်းများ ပါဝင်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟာ ကြီးစွာသော ကျန်းမာရေး ခြိမ်းခြောက်မှုကို ဖြစ်စေရုံသာမက လူမှုဆက်ဆံရေးမှာလည်းအနှောက်အယှက် တစ်ခုဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းသို့ ဓာတုပစ္စည်း အမျိုး ၄,၀၀ဝ ကျော်ဝင်ရောက်ပြီး ဇီဝကမ္မ လုပ်ငန်းစဉ်ကို ထိခိုက် ပျက်စီးစေပါတယ်.. ၎င်းတို့ထဲတွင် နီကိုတင်းဓါတ် (Nicotine)၊ ကတ္တရာ […]