CharTooLanNovember 27, 20141min28918
ကဗျာတွေ ဂဗျောင်တွေ ရေးလာကြပြီဆိုတော့ ကျနော်က အချစ်ကိုနဲနဲလောက် ဂဗျာဆန်ပြချင်တယ် ခည မတောက်တခေါက်နဲ့ လက်တဲ့စမ်းထားတဲ့ ကာရံမဲ့ပါ ကျန်းးးးးးး ချာတူးတို့များ ချစ်တတ်လိုက်တာဆိုပီးတော့ ကျန်အပျိုကြီးများ အားမငယ်သွားကြပါနဲ့လို့  အရင်ဆုံးမေတ္တာအပို့ခံပါရစေ……… ကျနော့်ကဗျာ ခေါင်းစဉ်က “ဆုတောင်း” ပါ… အချစ်နဲ့ပက်သက်လာရင် ကျနော်တောင်းတဲ့ဆုပါ………. “ဆုတောင်း” ချစ်သူလိုအပ်လာသမျှ ဖန်ဆင်းပြနိုင်တဲ့သူ ဖြစ်ပါရစေ………. ကိုယ်က ချစ်သူအတွက် အနှောင့်အယှက် ဖြစ်သွားပြီဆိုတဲ့ အချိန်ကို စက္ကန့်မခြား သိ ကြားပါရစေ………….. ချစ်သူမလိုအပ်တော့တဲ့အခါ ချက်ချင်းထွက်သွားပေးနိုင်တဲ့ စွမ်းအားတွေလဲ ရပါရစေ…………..။ PS. ဟိုက်ရှားဘားး တွေဘာတွေ မထင်ရဘူးတွေဘာတွေ ဟွန်း… အဟက်အဟက်နဲ့ ပြောင်းလဲသွားဒယ် ဆိုတာတွေကို မမြင်မတွေ့ပရဇီ………….. kwi kwi


who whoApril 17, 20131min1967
နှစ်သစ်မင်္ဂလာ ဆုတောင်းပတ္ထနာ ယထာ ဟိနာနာ သုကန္ဓ ပုပ္ဖေဟိ ပုပိ္ဖတော သုဘော။ အဘိရူပသုစိတ္ထေဟိ၊ ပုပ္ဖာရာမော သုမင်္ဂလော။ တထေဝိမမှိ သကန္တေ၊ သုခတာ မုဒိတာ ဝေဿ။ သုမင်္ဂလာ တဒါ တမှေ၊ ဟောထ ပုညကရာ သဗ္ဗေ။ အဘိရူပသုစိတ္ထေဟိ = အလွန်လှပ ဆန်းကြယ်ထကုန်သော၊ နာနာသုဂန္ဓပုပ္ဖေဟိ = ရနံ့လှိုင်ထုံ၊ မွှေးကြိုင်ကုန်သော၊ ပန်းမျိုးစုံတို့ဖြင့်၊ ပုပိ္ဖတော = ကြွားကြွားဝင့်ဝင့်၊ ကားကားစွင့်၍ ပွင်းနေကြလေသော၊ သုဘော = တင့်တယ်လှပ၊ ရှုကြည့်မဝနိုင်ကုန်သော၊ ပုပ္ဖာရာမော = ကျေးသံ ငှက်သံ၊ သောသောညံသည့်၊ ပျော်စံမငြီး၊ ဥယျာဉ်ကြီးသည်၊ သုမင်္ဂလော ယထာ = မင်္ဂလာအပေါင်း၊ ခညောင်းဝင့်ထည်၊ တင့်တယ်သကဲ့သို့၊ တထေဝ = […]


Pearl MayApril 25, 20111min520
“ဆောင်းမှာခရေ…နွေမှာလည်း သဇင်…မိုးတွင်ပန်းပိတောက် ..အော်..ပွင့်သည့်နောက်နေ့ တို့ပြန်တွေ့ကြစေသား…ဆုတောင်းမှားခဲ့လေသလားအချစ်ရယ်…” မိုင်တွေထောင်ချီဝေးတဲ့နေရာ တစ်နေရာစီမှာ နေရတဲ့တို့နှစ်ယောက် သဇင်ပန်းတွေပွင့်ချိန်မှာ ဆုံနိုင်လေမလား..ပန်းခရေလေးတွေ အတူတူကောက်နိုင်ပါဦးမလား… သူပန်ပေးတဲ့ပိတောက်ပန်းလေးတွေပန်ဆင်ခွင့်ရနိုင်ပါဦးမလား။ သင်္ကြန်ကျပြီကွယ်..သင်္ကြန်မိုးလည်းမရွာဘူး.. ပိတောက်ပန်းလေးတွေလည်းလှိုင်လှိုင်မတွေ့ရသေးဘုူး..တို့အတွက်တော့သင်္ကြန်ကပျင်းခြောက်ခြောက်နိုင်လှပေမည့် လမ်းထဲကကလေးတွေကတော့ အပူပင်မဲ့ ထုံးစံမပျက် ပျော်ပျော်ကြီး ရေကစားနေကြလေရဲ့။ တို့နှစ်ယောက် ရုပ်မြင်သံကြားကလာတဲ့ ကလေးသင်္ကြန်အကတွေကြည့်ပြီး နောက်ဆုံး ရယ်မောပျော်ရွှင်ခဲ့ကြတာ ၂၀၀၂ ခုနှစ်တုန်းကနော်။ တစ်နှစ်တစ်ခေါက်တော့ ရောက်အောင်လာပါ့မယ်ပြောပြီး နံရံပေါ်ပြက္ခဒိန်တွေမှာသာ ခုနှစ် ဂဏန်းတွေ ပြောင်းကုန်ပေမယ့် သူလာမယ်ဆိုတဲ့သတင်းစကားမကြားရသေးပါလား။ “ဆောင်းမှာခရေ…နွေမှာလည်း သဇင်…မိုးတွင်ပန်းပိတောက် ..အော်..ပွင့်သည့်နောက်နေ့ တို့ပြန်တွေ့ကြစေသား…ဆုတောင်းမှားခဲ့လေသလားအချစ်ရယ်…” (ခံစားချက်နဲ့တထပ်တည်းကျတဲ့ သီချင်းလေးပါ) (သင်္ကြန်ပိတ်ရက်မှာဟိုဟိုဒီဒီရေးထားပြီး မတင်ဖြစ်ခဲ့တဲ့ဟာလေးပါ)။