ဆူးMay 15, 20131min42426
ကံဇတ်ဆရာ စီမံလေသမျှ စီမံကာ နေရတဲ့ ဘဝတွေ အကြောင်း ယနေ့ မျက်ဝါးထင်ထင် မြင်ခဲ့ ရပါတယ်။ (၃၀.၄.၂၀၁၃) ဆေးကုသစရိတ် အရေးတကြီး လိုအပ်နေသော ခလေးငယ် ဆိုပြီး ပိုစ်တခု တင်ပြီး အလှူခံခဲ့ဖူးပါတယ်။ https://www.facebook.com/notes/sue-winne/%E1%80%B1%E1%80%86%E1%80%B8%E1%80%80%E1%80%AF%E1%80%9E%E1%80%85%E1%80%9B%E1%80%AD%E1%80%90%E1%80%B9-%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%80%90%E1%81%BE%E1%80%80%E1%80%AE%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%80%A1%E1%80%95%E1%80%B9%E1%80%B1%E1%80%94%E1%80%B1%E1%80%9E%E1%80%AC-%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%80%84%E1%80%9A%E1%80%B9/10151448856729895     အလှူခံတာလည်း အောင်မြင်မှု ရှိခဲ့ပါတယ်။ ပိုစ်တင်ပြီး မကြာခင်မှာတင် ပိုစ် ကို ရှဲ တဲ့ အသိမိတ်ဆွေတွေ ရှိသလို မသိပေမဲ့ ကလေး ပုံလေး ကြည့်ပြီး သနားပြီး အလှူခံ ပိုစ်လေး ရှဲပေးတဲ့ ပုဂ္ဂိုလ်များလည်း ရှိပါတယ်။ ဆင်းရဲ နွမ်းပါးတဲ့ မိဘများက မွေးဖွားလာပြီး ဗဟုသုတ နည်းပါးတဲ့ မိဘများ ဖြစ်တဲ့ အတွက် ရောဂါ ဖြစ်မှန်း မသိ […]


ကို ၿပံဳးMarch 24, 20133min2872
နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း (အပိုင်း-၁) အား ပြန်လည်ဖတ်ရှု့ရန် SSPP/SSA အဖွဲ့ တပ်မတော်နှင့် ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အတွင်း ခေါင်းဆောင်ဖြစ်သူ ပန်ဖနှင့် ခေါင်းဆောင်ပိုင်းအများစု ပန်ဆန်းသို့ သွားရောက်တိမ်းရှောင်ခဲ့ရဖူးသည်။ အပြန်အလှန်အကျိုးစီးပွားများ အတွက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ ဝမ်ဟိုင်း၏နောက်ပေါက်မှတစ်ဆင့် ပန်ဆန်းသို့ဆက်သွယ်ရေးလမ်းထွင် ထားသည်။ ပန်ဆန်း၏ ရှေ့ကာအဖြစ်နေပေးမည်။ လိုအပ်သည်များထောက်ပံ့ကူညီပါရန် ညှိနှိုင်းသဘောတူထား သည်။ ဝမ်ဟိုင်းဒေသသည် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေခြင်းကြောင့် မြန်မာ့တပ်မတော်၏ အချိန်မရွေး ချေမှုန်းခြင်းခံရနိုင်ကြောင်း သုံးသပ်လျက် “ ဝ ” တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုကာ အားကိုးရှာထားခြင်းလည်း ဖြစ်သည်။ SSPP/SSA တပ်ဖွဲ့ဝင်များ လူ၊ လက်နက်တိုးပွားလာမှုကစဉ်းစားစရာဖြစ်သည် KIO/KIA အဖွဲ့   ဝမ်ပေါင်အိပ်မက်ရှည်ကို မက်ဆဲဖြစ်သည်။ ဗိုလ်ချုပ်ဂွမ်မော်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ရွှေလီဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစကားကို […]


ဆူးFebruary 15, 20131min41122
ရွာထဲက တူ၊တူမ တွေကို အန်တီ ပဒုမ္မာ ကနေပြီးတော့ တရားတပုဒ် နဲ့ ပတ်သတ်ပြီး ဥပမာလေး နဲ့ လက်ဖွဲ့ပေးလိုက်ပါတယ်။ ကိုရွှေတိုက် ရဲ့ ရတနာ ရွှေအိုးမြုပ်နှံမှု အောင်မြင်သွားတဲ့ ကိစ္စ လည်း သတင်းကြားရတာ အင်မတန်မှ ဝမ်းသာပါတယ်။ အမွေခံထိုက်စေ ဆိုတဲ့ ပိုစ်လေး ရေးရတာ အကြောင်း ရှိပါတယ်။ ယခု ဆူး အနေနဲ့ စဉ်းစားမယ် ဆိုရင် ကိုယ်တိုင်က သားသမီး နေရာ.. တချိန်မှာ ကလေးများ ရှိခဲ့မယ် ဆိုရင် ကိုယ်တိုင်လည်း မိဘ နေရာ ဖြစ်လာမှာပါပဲ။ အချိန်ဆိုတာ အမြဲတမ်းရွေ့လျားနေတဲ့ အတွက် ငယ်ရွယ်တဲ့ သူတွေလည်း တနေ့ကျရင် အိုမင်းပြီးတော့ နောက်ဆုံးတော့ သဂြိုလ်စက်ထဲ က တဆင့် […]


ဆူးJanuary 30, 20132min23919
မြစ်ကျဉ်း ကလေး ကို ကျော်ဖြတ်လာ လိုက်မယ် ဆိုရင်.. ဆက်လက် မြင်တွေ့ရမှာကတော့.. ကျောက်နံရံမှာ ဘယ်ခေတ် အခါတည်းက ထွင်းထု ထားတဲ့ ဘုရားဆင်းတုလည်းတော့ မသိပါဘူး။ ရခိုင် မြောက်ဦး ဘက်က ဘုရားဆင်းတု ပုံစုံတွေ နဲ့တော့ ခပ်ဆင်ဆင် လို့ ခံစားမိပါတယ်။ ထင်တာ ပြောတာမို့ လွဲနိုင်ပါတယ်။         အကောက်တောင် သို့ သွားရာ လမ်း တလျှောက်မှာ ရှိသော ကျောက်နံရံ ထွင်းထု ပူဇော်ထားတဲ့ ဘုရားဆင်းတုများကို ယခုကဲ့သို့ များပြားစွာ မြင်တွေရမှာ ဖြစ်ပါတယ်။ နောက်ပိုစ်မှာတော့ အကောက်တောင်ပေါ်မှာ ရှိတဲ့ ရွှေမြင်တင် စေတီတော် ကို ခရိးဆက်တဲ့ ပုံလေးတွေ ဆက်လက်ပြသွားမှာ ဖြစ်ပါတယ်။ […]


ဆူးJanuary 29, 20132min28228
ဧရာဝတီမြစ်မှာ မြစ်ကျဉ်း ၄ခု ရှိပါတယ်။ ၄ခုမြောက် မြစ်ကျဉ်းကို ရောက်ရှိခဲ့ပါတယ်။ ပြည်မြို့ကနေ ထုံးဘို ကို ကား ၂နာရီလောက် စီးပြီးတဲ့ အခါ ထုံးဘို မြို့ကို ရောက်ရှိပါတယ်။ ထုံးဘို မြို့မှ မြစ်ဆိပ်မှ စက်လှေစီးပြီး အကောက်တောင်သို့ ခရိးဆက်ခဲ့ပါတယ်။ အဲ့ဒီမှာ စတုတ္ထမြစ်ကျဉ်း နားက ဖြတ်မောင်းပြီး အကောင်တောင်သို့ ရောက်ရှိပါတယ်။ ကျောက်တောင် အငူကလေး ထိုးထွက်နေတဲ့ အတွက် မြစ်ကျဉ်းသွားရခြင်းဖြစ်ပါတယ်။ မြစ်ကျဉ်း အငူ ကျောက်တောင် အပေါ်ကနေ နေလုံးနီနီ ထွက်ပြူလာတာကိုလည်း အမှတ်တရ မှတ်တမ်းယူခဲ့ပါတယ်။ မြစ်ကျဉ်းကို ကျော်ဖြတ်ရင်းနဲ့ ဘေးပတ်ဝန်းကျင် မနက်ရှုခင်း မှုံပြပြ အချိန်အခါ တောင်ခိုးတွေ နဲ့ အေးစိမ့်နေတဲ့ ရှုခင်းလေးတွေလည်း မှတ်တမ်းယူခဲ့ပါသေးတယ်။ ရွာထဲက ဓါတ်ပုံဆရာတွေ […]


ဆူးJanuary 29, 20131min25318
ထုံးဘိုမြို့ ကိုတော့ ရန်ကုန်ပြည် လမ်းမ အတိုင်း မောင်နှင်လာပြီး ပြည်မြို့မှ တောင်ဂုတ်လမ်းခွဲ အတိုင်း နဝဒေး တံတား ကိုဖြတ်ကာ ဆက်လက်မောင်းနှင်ပြီး ထုံးဘို လမ်းခွဲ အရောက်မှာတော့ ထုံဘို မြို့ သို့ ဆက်လက်မောင်းနှင်လျှင်ဖြင့် သခင်မြရဲ့ မွေးရပ်မြေ ကို ရောက်ရှိမှာ ဖြစ်ပါတယ်။   သခင်မြ မွေးရပ်မြေ ဆိုတဲ့ ဆိုင်းဘုတ်ကို ထင်ထင်ရှားရှား တွေ့မြင်ရပြီး ထုံးဘို ဈေးမှာတော့ ဒေသထွက်ကုန်တွေ အလွန်ပေါများလှပါတယ်။ မြစ်ဆိပ်မှာ သင်္ဘောစီးပြီး အကောက်တောင် ကို သွားတဲ့ လမ်းတထောက်နား မြို့ဖြစ်ပါတယ်။ အကောက်တောင် သွားတဲ့ လမ်းက ရှုခင်းပုံတွေ ကိုတော့ နောက်ပိုစ်တခုမှ ရေးပေးပါမယ်။   ထုံးဘိုမြို့ မြစ်ဆိပ်မှာ ထုံးဘို ဈေးရှိပါတယ်။ […]


ဆူးJanuary 14, 20131min51960
ကျိုက်ထီးရိုးဘုရားရင်ပြင်တော်အထိ တောင်တက်ကားများဖြင့်တက်ရောက်နိုင်မှုကြောင့် တောင်တက်လမ်းတစ်လျှောက်ဈေးဆိုင်များနှင့် အထမ်းသမားများ အလုပ်အကိုင်ရှားပါးလာပြီး စားဝတ်နေရေး ကျပ်တည်းလာမှုကို ဖြေရှင်းပေးရန်အတွက် မွန်ပြည်နယ် ကျိုက်ထိုမြို့မှဒေသခံ ၂၀ဝ ခန့်သည် ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီခွဲတွင် ဆန္ဒဖော်ထုတ်ကြမည်ဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူ စိုးစံလက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုဇော်ဝင်းကပြောသည်။ အဆိုပါဆန္ဒပြပွဲကို သက်ဆိုင်ရာက ခွင့်ပြုချက်ပေးထားပြီး “လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ဖျက်သိမ်းပေး” “တန်းတူညီမျှအခွင့်အရေးချက်ခြင်းပေး” “ခရိုနီအုပ်စုများ အလိုမရှိ” “အများစုရဲ့ဆန္ဒ လေးစားရေး ဒို့အရေး” စသည့် ကြွေးကြော်သံများနှင့် ပိုစတာများကိုင်ဆောင် ဆန္ဒဖော်ထုတ်မည်ဟု ကိုဇော်ဝင်းကပြောသည်။ ကျိုက်ထီးရိုးဘုရားရင်ပြင်သို့ ပြေးဆွဲသော တောင်တက်ကားများမှာ ယခင်က ကင်ပွန်းစခန်းမှ ရသေ့တောင်အထိသာ တက်ရောက်လေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် ရင်ပြင်တော်လမ်းဆုံအထိတက်ရောက်နေကြသဖြင့် ထိုလမ်းတစ်လျှောက်ရှိ ဈေးဆိုင်များနှင့် အထမ်းသမားများ အလုပ်မရှိဖြစ်နေကြကြောင်း သတင်းရရှိသည်။ 7Day News Journal […]


ဆူးDecember 20, 20121min51269
၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ရက်မှာ ရနှစ်တာ ချစ်သက်တမ်း ကြာအောင် အခက်အခဲတွေ အမျိုးစုံစွာဖြင့် ကျော်ဖြတ်ပြီး နောက်မှာတော့ ချစ်တဲ့ ကိုကို နဲ့ ဆူး မင်္ဂလာဆောင် အခမ်းအနား ကျင်းပပြုလုပ်ပြီး ဟန်းနီးမွမ်းကို သာသာယာယာလှတဲ့ မြန်မာနိုင်ငံရဲ့ ကမ်းခြေ တခုတည်းက ရန်ကုန်နဲ့ နီးပြီး သွားရေးလာရေး လမ်းသာတဲ့ ချောင်းသာ ကမ်းခြေ ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ တန်ဆောင်တိုင် ကျောင်းပိတ်ရက် ကာလ ဖြစ်သည့် အားလျှော်စွာ ခရီးထွက်သူများ များပြားနေသည့် အတွက် တန်ဆောင်တိုင် လပြည့် ၂၈ ရက်နေ့ အထိ ဟိုတယ် ဘိုကင်တွေ ပြည့်ကျပ်နေသည့် အတွက် ၂၉ရက်နေ့ညနှင့် ၃ဝရက်နေ့ည များကို ချောင်းသာရှိ ကမ်းခြေများထဲမှ သန့်ပြန့်မှု ပစ္စည်းများ […]


ဆူးNovember 20, 20121min43627
၂၀၀ဝခုနှစ်မှာ ၁ဝတန်းအောင်မြင်ပြီးကတည်းက လသာ၂ ဆိုတဲ့ ကျောင်းတော်ကို ထားရစ်ခဲ့ပြီး နေရာအသီးသီး ဒေသအသီးသီးကို ထွက်ခွာ သွားပြီး သူငယ်ချင်းတွေ တယောက်နဲ့ တယောက် အဆက်အသွယ်ပြတ်နေတာ ကြာခဲ့ပါပြီ။ ၂၀၁၂ ခုနှစ်ရဲ့ ၉လပိုင်းလောက်မှာ သူငယ်ချင်းဟောင်းတွေ နဲ့ အမှတ်မထင် ပြန်လည် ဆုံဆည်းခဲ့ပါတယ်။ အားလုံးကို ပြန်လည် ဆုံဆည်းစေခဲ့တဲ့ ဆုံမှတ်ဖြစ်တဲ့ နေရာကတော့ အင်တာနက် ခေတ်ကြီးထဲမှာ ဖေ့ဘွတ်မှာပဲ သူငယ်ချင်းရဲ့ သူငယ်ချင်း များမှ တဆင့် ပြန်လည် ဆုံတွေ့ ဖြစ်ခဲ့ပါတယ်။ ၁၂နှစ်ကျော် ကွဲ ကွာ သွားခဲ့တဲ့ သူငယ်ချင်းများကလည်း သူတို့လည်း ဖြတ်သန်းနေတဲ့ ဘဝ အတွေ့အကြုံ လူမှု့ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေ အသီးသီး အတွေ့အကြုံ ရင့်ကျက်မှု အသီးသီးနဲ့ ပြန်လည် ဆုံဆည်းတဲ့ […]


ဆူးOctober 19, 20121min27021
တလောက အင်တာနက် ပျက်လွန်းလို့ စိတ်ပျက်စရာ အလွန်ကောင်းလို့ စိတ်ညစ်ခဲ့ရတာ လ နဲ့ ချီပြီး ကြာခဲ့ပါတယ်။ အဖြစ်တာ မနှစ်ကနဲ့ မတူအောင် ကို ပြသနာ ရှာထားသူ ရှိနေလို့ပဲ ပြောရမလားပဲ.. ဟူးးး. တွေးရင်းနဲ့တောင် စိတ်ကုန်တယ်။   ဒီလိုပါ.. ဆိုင်နဲ့ အိမ်နဲ့ နီးတော့ ဆိုင်မှာ ဖုန်းမရှိတော့ အိမ်က ဖုန်းကို သုံးချင်တယ်။ လိုင်းသမားကို တရားဝင် ပြောင်းဖို့ မေးတော့ ခက်ခဲတယ် သူလုပ်ပေးမယ် တလုံးကို ၁နှစ် ၁သိန်းပေးပါ ဆိုပြီး ညှိနိုင်းတယ်။ အိမ်မှာကော ဆိုင်မှာကော ၂ခုလုံး အဆင်ပြေအောင် လုပ်ပေးမှာ မို့ မပူနဲ့.. ဖုန်းပျက်ရင် သူ့ကိုသာ ပြောလိုက် ရုံးကို ပြောလည်း သူပဲ […]


ဆူးOctober 16, 20121min28045
ပိုစ် မတင်တာတော့ နည်းနည်းကြာသွားပြီ.. ဒီနေ့တော့ တင်ချင်စိတ်ပေါက်လို့ တင်လိုက်တယ်။ ကိုရင်လေးတွေ ကျောင်းသား ကျောင်းသူ အရေ အတွက် စာရင်း လှူဖွယ် ပစ္စည်းတချို့ စာသင်ကျောင်းတွေမှာ သင်ကြားနေမှု အခြေအနေ.. အလှူရှင် ကို မေတ္တာပို့နေပုံလေးပါ။ အိမ်ပြန် လက်ဆောင်တွေ တန်းစီ ယူနေကြတာ ဖြစ်ပါတယ်။ ဟဲ့ နင်နဲ့ နာနဲ့ ရတာချင်း တူရဲ့လား.. ဟိဟိ..


ဆူးMay 18, 20121min26256
ဒီခရီးစဉ်ကိုတော့ မလေးရှားနိုင်ငံ ပီနန်မြို့တော်က Teong Guan Association နဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်းစီစဉ်ခဲ့ကြတာဖြစ်ပါသတဲ့..။ ရွှေပြည်ကြီးက အမျိုးတွေ နတ်ပူးတာလောက်တော့ အပျော့ပေါ့ လို့ ဆိုရမယ့် ကိန်းပါပဲ..။ ဒါပေမယ့် သူတစ်ပါးရဲ့ ဘာသာရေးကိစ္စမို့ မှတ်ချက်မပေးဘဲ သတင်းလေးပဲ ဖောက်သည်ချလိုက်ရပါစေ..။ ဒီခရီးစဉ်မှာ လူပေါင်း ၅၄ ဦးလိုက်ခဲ့ကြတာပါ..။ အဖွဲ့ခေါင်းဆောင်ကတော့ ဝိဉာဉ်ရေးရာနဲ့ ပတ်သက်လို့ နှစ်ပေါင်း ၂၈ နှစ်အတွေ့အကြုံရှိပြီး တိဘက်ဗုဒ္ဓဘာသာ၊ တာအိုဝါဒနဲ့ နိမိတ်ဖတ်ခြင်းများကို လေ့လာဆည်းပူးထားသူ ရှဲ့ပေးကွမ်ယင်စင်တာက ဆရာတော် Kek Eng Seng ဖြစ်ပါသတဲ့..။ ဒီခရီးစဉ်လိုက်ပါမယ့်သူအားလုံးဟာ ဖယောင်တိုင်နဲ့ ဆုတောင်းစာစက္ကူတွေ မီးရှို့လို့ ထွက်ပေါ်လာတဲ့ အလင်းလေးသာ ရှိတဲ့ အမှောင်ခန်းမ (ရွက်ဖျင်တဲ) ကြီးတစ်ခုထဲမှာ အဖြူရောင်ဝတ်စုံကိုယ်စီ ဝတ်ဆင်ကာ ရွေ့လျားခြင်းမရှိဘဲ […]