weiweiAugust 23, 20111min36526
ကျွန်မအရင်တုန်းကနေတဲ့ရပ်ကွက်ထဲမှာ အခြေခံလူတန်းစား (ဆင်းရဲသား) အများစုနေထိုင်ကြပါတယ်။ ကျွန်မနေတဲ့တိုက်ခန်းရဲ့ဘေးချင်းကပ်လျက်တိုက်မှာ အလွန်ဆဲဆိုတတ်သောမိသားစုများနေထိုင်ကြပါတယ်။ မိုးလင်းပြီဆိုတာနဲ့ သူတို့အချင်းချင်း အဆဲလေးတွေနဲ့နှုတ်ဆက်ကြတယ်။ ကလေးတွေကိုလဲ ယုတ်ညံ့တဲ့စကားတွေနဲ့ ဆူပူကြိမ်းမောင်းပြီး နံနက်ခင်းကို စတင်နှုတ်ဆက်လေ့ရှိလို့ ကြားခါစမှာ ကျွန်မစိတ်ထဲ တော်တော်လေး တုန်လှုပ်ခဲ့ဖူးပါတယ်။ သူတို့အသံကြားတာနဲ့ကြောက်လို့ ပြူတင်းပေါက်တံခါးကိုတောင် မဖွင့်ရဲခဲ့ဘူး။ ဒေါ်လှဆိုတဲ့အဖွားကြီးကတော့ အဆိုးဆုံးပါပဲ။ ၆ ထပ်တိုက်ရဲ့ အောက်ဆုံးထပ်မှာနေပြီး အိမ်ရှေ့ထွက်ပြီး ထမီတိုတိုနဲ့ ခါးထောက်လို့ တစ်တိုက်လုံးကို အော်ဆဲနေတာ မကြားချင်မှအဆုံးပါပဲ။ အပေါ်မှာနေသူတွေကလဲ စည်းကမ်းမရှိ နောက်ဖေးလမ်းကြားကို အမှိုက်ပစ်ချကြတယ်။ ဒေါ်လှကလဲ မိသားစုများလွန်းလို့ မီးဖိုကို နောက်ဖေးလမ်းကြားအထိ ကျူးကျော်ပြီး ချက်ရတယ်ဆိုတော့ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း မကြားချင်မှအဆုံး ငယ်ကျိုးငယ်နာအကုန်ဖော်လို့ပဲ။ သူတို့တွေ တည့်နေကြတဲ့အခါတွေမှာ ချစ်စနိုးနှုတ်ဆက်ပြောဆိုနေတာကလဲ အဆဲလေးနဲ့ပဲ။ အိမ်ရှေ့မှာထွက်ထိုင်ပြီး သန်းရှာ၊ ဆံပင်ဖြူနှုတ်၊ သူများအတင်းပြောနဲ့ လောကကြီးကိုကျေနပ်နေလိုက်ကြတာများ […]