manawphyulayAugust 17, 20101min1042
တစ်နေ့ကို ကြိမ်ဖန်များစွာ ခေါင်းဖြီးရင် ဆံပင်ကျန်းမာသန်စွမ်းတယ် ထင်နေသလား။ ဆံပင်အဖျားတိတိပေးရင် ဆံပင်အရှည်မြန်တယ်ဆိုတာကော တကယ်ပဲလား။သင့်ဆံပင်နဲ့ ပတ်သက်တဲ့ ကြားဖူးတဲ့အချက်တွေ မှန်ရဲ့လား။တကယ့်အမှန်တရားတွေကကောဘာလဲဆိုတာသိချင်ရင် ဒီဆောင်းပါးကို ဖတ်ကြည့်သင့်ပါတယ်။ ဆိုပြီးမေးလ်ရောက်လာလို့ ပြန်လည် မျှဝေလိုက်ပါတယ်။ ၁။ ဆံပင်အဖျားတွေ တိတိပေးရင် ဆံပင်ရှည်နှုန်းမြန်စေသလား။ မဟုတ်ပါဘူး။ ဆံပင်အဖျားတိတိ၊ မတိတိဆံပင်အရှည်တစ်လကိုလက်မဝက်လောက်ပိုတိုးလာလေ့ရှိပါတယ်။ နွေရာသီမှာ ဆံပင်ရှည်နှုန်း ပိုမြန်တတ်ပါတယ်။ ဆံပင်တိပေးလို့ပိုုရှည်လာတာမဟုတ်ပါဘူး။ ဟော်မုန်း တွေကြောင့် ပါ။ ဆံပင်တိပေးခြင်းအားဖြင့် ဆံပင်နှစ်ခွဖြစ်တာတွေကိုသာ ဖယ်ရှားပေးပြီး ဆံပင်ကျန်းမာ လှပစေနိုင်ပါတယ်။ ၂။ စိတ်ဖိစီးမှုက ဆံပင်ပို ကျွတ်စေနိုင်သလား။ ဆံပင်တွေဟာအချိန်တိုင်းလိုလိုကျွတ်နေတတ်ပြီးပုံမှန်အနေနဲ့တစ်နေ့ကိုဆံပင်ပေါင်း ၅ဝ မှ ၁၂ဝ ချောင်းကြား ကျွတ်လေ့ရှိပါတယ်။သင့်ဘဝအတွက် ကြီးကျယ်တဲ့ပြောင်းလဲမှုတွေ ( ဥပမာ – အိမ်ထောင် ပျိုကွဲခြင်း၊ အလုပ်ပြုတ်ခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း) တို့ကြောင့် အလွန်အမင်း […]